လက်ဖက်ရည်အေးအေးလေးလည်း သောက်ချင်တယ် သစ်သီးဖျော်ရည်လည်း သောက်ချင်တယ်ဆိုရင်တော့ သရက်သီးလက်ဖက်ရည်လေး ဖျော်သောက်လိုက်ပါ။

ပါဝင်ပစ္စည်းများ

  • သရက်သီး ဖန်ခွက် တစ်ခွက်
  • ရေခဲတုံး အနည်းငယ်
  • ရေ ၄ ခွက် (စားပွဲတင်ဇွန်း ၆၄ ဇွန်း)
  • လက်ဖက်ခြောက်အိတ် ၄ အိတ်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ အိုးတစ်လုံးထဲသို့ ရေ ၄ ခွက်ထည့်ကာ မီးပြင်းပြင်းဖြင့် အပူပေးပါ။ ရေနွေးပွက်ပွက်ဆူလာပြီဆိုရင်တော့ မီးပိတ်လိုက်ပါ။

၂။ ထို့နောက် လက်ဖက်ခြောက်အိတ် ၄ အိတ်ထည့်ကာ ၂ မိနစ်ခန့် နှပ်ထားလိုက်ပါ။ ထို့နောက် လက်ဖက်ခြောက်အိတ်များကို ဆယ်ယူကာ ထိုလက်ဖက်ရည်ကို ရေခဲသေတ္တာထဲတွင် အအေးခံထားလိုက်ပါ။

၃။ ရေခဲတုံးများကို ဖန်ခွက်အကြီးတစ်လုံးထဲတွင် အသင့်ထည့်ထားလိုက်ပါ။ ထို့နောက် သရက်သီးဖျော်ရည်ကို ခွက်အကြီးတစ်ဝက်ခန့် ဖြည့်လိုက်ပါ။ ကျန်ရှိနေတဲ့ ခွက်တစ်ဝက်စာကိုတော့ လက်ဖက်ရည်များ ထည့်ပါ။

ထို့နောက် သရက်သီးဖျော်ရည်နဲ့ လက်ဖက်ရည်တို့ကို တစ်သားတည်းဖြစ်သွားအောင် မွှေပေးလိုက်ပါ။

ထိုကဲ့သို့ မမွှေချင်ဘူး သေသေချာချာ သမသွားတာမျိုးမှ သောက်ချင်တယ်ဆိုရင်တော့ စောစောက ဖန်ခွက်အကြီးပေါ်သို့ အခြားဖန်ခွက်တစ်ခုကို အပေါ်ကနေ ပိတ်ပြီး သေသေချာချာ လှုပ်ခါပေးလိုက်ပါ။ ဒါဆိုရင်လည်း အရသာရှိတဲ့ သရက်သီး လက်ဖက်ရည်လေး သောက်သုံးနိုင်ပါတယ်။

သရက်သီးဖျော်ရည်က အရသာသပ်သပ်၊ လက်ဖက်ရည်က အရသာသပ်သပ် ခွဲထွက်နေတာမျိုးမဟုတ်ဘဲ အရသာနှစ်မျိုးက တစ်သားတည်းဖြစ်သွားပြီး သောက်ရတာ အင်မတန်အရသာရှိတာကို ကိုယ်တိုင်လုပ်သောက်ကြည့်မှ ခံစားသိနိုင်မှာနော်။

Source: Futuredish.com