အားလုံးပဲ မင်္ဂလာပါ။ အသားအရေကို ကျန်းမာလှပစေပြီး ရင်အေးစေတဲ့ သစ်သီးဖျော်ရည် ကြိုက်နှစ်သက်သူများအတွက် ဒီတစ်ခါမှာတော့ ထောပတ်သီးမစ်ရှိတ်ဖျော်ရည် ပြင်ဆင်ပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။

ချောကလက်ထည့်ပြီး ဖျော်တဲ့နည်းရော ချောကလက်မပါဘဲ ရိုးရိုးဖျော်တဲ့ ဖျော်နည်း နှစ်မျိုးစလုံးကိုပါ ဝေမျှပေးသွားမှာဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ထောပတ်သီးမှည့် ၁ လုံး
  • နွားနို့ ပန်းကန်လုံး ၂ လုံးခွဲစာ (စားပွဲတင်ဇွန်း ၄၀ ဇွန်းခန့်)
  • ရှားစောင်းလက်ပတ် စားပွဲတင်ဇွန်း ၁ ဇွန်း
  • သံပုရာရည် လက်ဖက်ရည်ဇွန်း တစ်ဝက်
  • ချောကလက်ရည် အနည်းငယ် (မထည့်လည်း ရပါတယ်)

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ထောပတ်သီးကို ထက်ခြမ်း ခြမ်းပြီးနောက် ထောပတ်သားများကို သစ်သီးဖျော်စက်ထဲ ထည့်လိုက်ပါ။ ထို့နောက် နွားနို့၊ ရှားစောင်းလက်ပတ်နှင့် သံပုရာရည်တို့ ထပ်ပေါင်းထည့်ကာ အနှစ်များ ရလာသည်အထိ မွှေဖျော်ပေးလိုက်ပါ။

၂။ ရရှိလာတဲ့ ထောပတ်ခရင်မ်အနှစ်များကို ဖန်ခွက်ထဲ ထည့်လိုက်ပါ။

ဒါဆိုရင်တော့ ထောပတ်သီးမစ်ရှိတ်ဖျော်ရည်လေး ရရှိသွားပါပြီ။

၃။ ချောကလက်အရသာလေးပါ ရောသောက်ချင်တယ်ဆိုရင်တော့ ချောကလက်ရည်အနည်းငယ်ကို ဖန်ခွက်ရဲ့အတွင်းဘေးနံရံကနေ လောင်းထည့်ပေးလိုက်ပါ။

ဒါဆိုရင်တော့ ထောပတ်သီး ချောကလက်မစ်ရှိတ်ဖျော်ရည်လေး ရရှိသွားပါပြီ။

Source: Oliviascuisine.com