ပါဝင်ပစ္စည်းများ

  • ငါးရံ (သို့) ငါးခူ – ၁ ကောင် (၃၀ သားခန့်)
  • နနွင်းမှုန့် – လက်ဖက်ရည်ဇွန်း တစ်ဝက်
  • ခပ်ကြီးကြီးလှီးထားသော ခရမ်းချဉ်သီး – 2 Cups (500 ml) ခန့်
  • ဆီ – ထမင်းစားဇွန်း ၃ ဇွန်းခန့်
  • လက်ဆစ်တစ်ဝက်အရှည်ခန့် လှီးထားသော ကြက်သွန်ပင် – 1 1/2 Cups (375 ml)ခန့်

အင်းမုန့်ဟင်းခါး (သို့) အင်းမုန့်တီ 

  • အရောင်တင်မှုန့် – လက်ဖက်ရည်ဇွန်း ၁ ဇွန်း (မထည့်လည်းရ)
  • ဆား – ချင့်ချိန်ထည့်ပါ
  • Chicken Powder – ချင့်ချိန်ထည့်ပါ
  • ထောင်း (သို့) ကြိတ်ထားသော ဆန်အစိမ်းမှုန့် – ထမင်းစားဇွန်း ၃ ဇွန်း (Ready Made ဆန်မှုန့်မှာ အရမ်းနူးညံ့လွန်း၍ ပျစ်ချွဲသွားတတ်သောကြောင့် မသုံးပါဘူး)

ပြုလုပ်နည်း

ဆန်မှုန့်ကို ရေအေး (ထမင်းစားဇွန်း ၆ ဇွန်း) ဖြင့် ဖျော်ထားပါ။

ငါးခူကို ဆားဖြင့် ပွတ်ဆေးကာ ပွက်ပွက်ဆူနေသည့်ရေနွေး (1500 ml)ထဲ နနွင်းမှုန့် နှင့် အတူ ထည့်၍ အဖုံး တစ်ဝက်ဖုံးပြီး ၁၅ မိနစ်ခန့်ပြုတ်ပါ။ ပြီးနောက် ဆယ်ထုတ် အအေးခံကာ အရိုးနွှင်ထားပါ။

ခရမ်းချဉ်သီးကို ပျော့သွားအောင် ခွက်တစ်လုံးထဲထည့်ကာ အဖုံး ဖုံးပြီး Microwave နှင့် ၃ မိနစ်ခန့် အပူပေးပါ။ (သို့) အလုံးလိုက်ကို ငါးပြုတ်ရည်ထဲ ထည့်ကာ ပြုတ်ပေးပါ ။ ပြီးလျှင် ဇကာနှင့် တိုက်၍ အခွံ နှင့် အစေ့များကို ဖယ်ထုတ်ပါ။

ဒယ်အိုးထဲ ဆီ ၊ အရောင်တင်မှုန့်၊ ကြက်သွန်ပင် ၊ ငါး နှင့် ခရမ်းချဉ်သီး အရည်ကို ထည့်ကာ High Heatဖြင့်၁၀ မိနစ်ခန့် မွှေကြော် ပေးပါ။

အရည်အတော်လေးခြောက်သွားလျှင် ဆူပွက်နေသည့် ငါးပြုတ်ရည်အိုး ထဲ လောင်းထည့်ပေးပါ ။ ဆား နှင့် Chicken Powder ထည့်ပါ။

ဟင်းရည်အိုး ပြန်ဆူလာလျှင် ဆန်မှုန့်ဖျော်ရည် လောင်းထည့်ကာ ဆန်မှုန့်များ ခဲ မသွားအောင် မွှေပေးပါ။

ထို့နောက် အိုးအဖုံး အနည်းငယ်ဟပြီး ဖုံးကာ Medium Heat သို့ လျှော့၍ ၁၅ မိနစ်ခန့်တည်ပြီးလျှင် မီးဖိုမီးကို ပိတ်ပါ။

ပန်းကန်လုံးထဲမှ မုန့်ဖတ်ထဲ ဟင်းရည် ထည့်၍ ကြက်သွန်ဖြူ ဆီကျက် နှင့် ငရုတ်သီး ဆီချက်လေး ဆမ်းကာ အင်းမုန့်တီကို အရသာရှိစွာ သုံးဆောင်နိူင်ပါပြီ။

Credit: Chaw Su’ Food Friends

2