အားလုံးပဲမင်္ဂလာပါနော်။ ဒီတခါမှာတော့ အမဲသားကြောမုန်လာဥနှပ် ချက်နည်းလေးကို မျှဝေပေးချင်ပါတယ်။

ပါဝင်ပစ္စည်း

  • အမဲအကြော ၃ ပေါင်ခန့် ( ၂ လက်မခွဲခန့် အတုံးလေးတွေလှီးလိုက်ပါ)
  • ဆီအနည်းငယ်
  • ဂျင်း ၇ ပြား
  • Shaoxing ဝိုင်အနည်းငယ်
  • ပဲငံပြာရည်အကြည် စားပွဲတင်ဇွန်း ၃ ဇွန်း

  • ပဲငံပြာရည်အနှောက် စားပွဲတင်ဇွန်း ၁ ဇွန်း
  • ခရုဆီ စားပွဲတင်ဇွန်း ၁ ဇွန်း
  • နာနတ်ပွင့် ၃ ပွင့်
  • လေးညှင်းပွင့် ၃ မွှာ
  • ကရဝေးရွက် ၃ ရွက်

  • သကြား စားပွဲတင်ဇွန်း ၁ ဇွန်း
  • မုန်လာဥဖြူ ၁ လုံး အတုံးလေးတွေလှီးပါ။
  • ကြက်စွပ်ပြုတ် (သို့) ရေ အနည်းငယ်နဲ့ ကော်မှူန့်အရော
  • ဆား
  • ကြက်သွန်မြိတ်အနည်းငယ်

ပြုလုပ်နည်း

အိုးထဲမှာ ရေကိုဆူအောင်သည်လိုက်ပါ။ အမဲသားထည့်လိုက်ပါ။ အမဲသား ရပြီဆိုရင်ခဏချထားလိုက်ပါ။

အိုးကိုအပူပေး၊ ဆီထည့်၊ ဂျင်းထည့်ပြီး ခဏမွှေပါ။ အနံ့လေးမွှေးလာရင် အမဲသား၊ ဝိုင်၊ ပဲငံပြာရည် အကြည်၊ အနှောက်၊ ခရုဆီ၊ နာနတ်ပွင့်၊ လေးညှင်းပွင့်၊ ကရဝေးရွက်၊သကြားတို့ကိုထည့်လုံးလိုက်ပါ။

အဖုံးကိုခဏပိတ်ထားပါ။ ၃၅ မိနစ်လောက်မီးအေးအေးနဲ့နှပ်ထားပါ။ ပြီးရင်တော့ သေချာမွှေပေးလိုက်ပါ။

မုန်လာဥထည့်လိုက်ပါ။

ရောမွှေလိုက်ပြီး အဖုံးနဲ့ခဏအုပ်ထားပါ။ ၁၀ မိနစ်လောက်အုပ်ထားပါ။

ပြီးရင်တော့ ရေ (သို့) ကြက်စွပ်ပြုတ်၊ ကော်မှုန့်တို့ကိုထည့်ပြီး ခဏမွှေလိုက်ပါ။ ဆားထည့်၊ ကြက်သွန်မြိတ်ထည့်ပါ။

ပြီးရင်တော့ ခဏဆူအောင်ထားပြီး ထမင်းဖြူပူပူနဲ့ သုံးဆောင်လို့ရပါပြီနော်။

Photo: thewokslife.com