အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာ ဝေမျှပေးချင်တဲ့ ဟင်းလျာလေးကတော့ အမဲသားဆီပြန်ဟင်း ချက်နည်းလေးပဲဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

  • အမဲသား ၂ ပေါင်ခွဲ (သို့) ၃ ပေါင်ခန့် (အတုံးခပ်ကြီးကြီး တုံးထားပါ)
  • ဂျင်း ၂ လက်မပတ်လည်အရွယ်အစား (ပါးပါးလှီးထားပါ)
  • သစ်ကြမ်းပိုးခေါက် ၁ ချောင်း
  • နာနတ်ပွင့် ၂ ပွင့်
  • မြေပဲဆီ စားပွဲတင်ဇွန်း ၁ ဇွန်း

  • ကြက်သွန်ဖြူ ၂ မြွှာ (ပြားနေအောင် ထောင်းထားပါ)
  • ဟင်းချက်ဝိုင် ၆၀ မီလီလီတာ
  • ခရုဆီ စားပွဲတင်ဇွန်း ၁ ဇွန်း၊ ပဲငံပြာရည်အနှောက် စားပွဲတင်ဇွန်း ၁ ဇွန်းနှင့် ပဲငံပြာရည်အကြည် စားပွဲတင်ဇွန်း ၂ ဇွန်း
  • သကြား စားပွဲတင်ဇွန်း ၁ ဇွန်း
  • အမဲပြုတ်ရည် ၁၈၀ မီလီလီတာ

ပြုလုပ်နည်း အဆင့်ဆင့်

၁။ အမဲသားကို အိုးတစ်လုံးထဲထည့်ပြီးနောက် ရေ ၃ လီတာထည့်ကာ ၁၀ မိနစ်ခန့် မီးပြင်းပြင်းဖြင့် ပြုတ်ပေးလိုက်ပါ။

၂။ အချိန်ပြည့်ပါက အမဲသားကို အိုးထဲက ဆယ်ယူကာ ရေအေးဖြင့် ဆေးကြောပေးလိုက်ပါ။

၃။ အခြားအိုးအလွတ်တစ်လုံးကို အပူပေးပြီးနောက် ဆီထည့်ပါ။ ဆီပူလာပါက ဂျင်း၊ ကြက်သွန်ဖြူ၊ နာနတ်ပွင့်နှင့် သစ်ကြမ်းပိုးခေါက်တို့ထည့်ကာ ၂ မိနစ်ခန့် ဆီသတ်ထားလိုက်ပါ။

၄။ ဟင်းချက်ဝိုင် ထပ်ထည့်ကာ သမအောင် မွှေပေးလိုက်ပါ။ ထို့နောက် ဟင်းချက်ဝိုင်၊ ပဲငံပြာရည်အကြည်နှင့် အနှောက်၊ ခရုဆီ၊ သကြားနှင့် အမဲပြုတ်ရည်တို့ထည့်ကာ သမအောင် မွှေပေးလိုက်ပါ။ ထို့နောက် အမဲသားတုံးများထည့်ကာ မိနစ် ၄၀၊ တစ်နာရီခန့် တည်ထားလိုက်ပါ။

၅။ အချိန်ပြည့်သွားတဲ့အခါမှာတော့ အမဲသားများ နူးအိသွားရဲ့လားဆိုတာကို စမ်းသပ်ကြည့်လိုက်ပါ။ အမဲသားများ နူးအိသွားပြီဆိုရင်တော့ အမဲသားဆီပြန်ဟင်းလေး ရရှိသွားပါပြီ။

ထမင်းနဲ့အတူတူ အရသာရှိရှိသုံးဆောင်နိုင်ပါပြီ။

Source: Omnivorescookbook.com