အားလုံးပဲမင်္ဂလာပါနော်။ ဒီတခါမှာတော့ ကင်မ်ချီကြိုက်ကြတဲ့သူတွေအတွက် အရမ်းအရသာရှိတဲ့ ဝက်သား ကင်မ်ချီ ချက်နည်းလေးကို မျှဝေပေးသွားမှာဖြစ်ပါတယ်။

အရမ်းလည်းအရသာရှိပြီး အရမ်းကောင်းတာမို့ စာဖတ်သူတို့ အကြိုက်တွေ့ကြမှာပါနော်။

ပါဝင်ပစ္စည်း

  • ကင်ချီ ၃ ခု
  • ဝက်သား (သို့) အမဲသား ၁၀ ကျပ်သား
  • နှမ်းဆီ စားပွဲစားဇွန်း ၁ ဇွန်း
  • ငရုတ်သီးမှုန့် အနည်းငယ်
  • ကင်မ်ချီအရည် ခွက်တစ်ဝက်

  • ရေ ၂ ခွက်
  • ပဲငံပြာရည် စားပွဲစားဇွန်း ၁ ဇွန်း
  • ကြက်သွန်ဖြူတောက်တောက်စဉ်း အနည်းငယ်
  • တို့ဖူး အနည်းငယ်

  • ကြက်သွန်မြိတ် ၂ ပင်
  • ငရုတ်ကောင်းမှုန့် ၊ ဆားအနည်းငယ်
  • သကြား အနည်းငယ်

ပြုလုပ်နည်း

အရင်ဆုံး အသားနဲ့ ကင်မ်ချီ ပါးပါးကို လှီးလိုက်ပါ။ တို့ဖူးကိုလည်း လက်မဝက် အထူလာက် လှီးပါ။ ကြက်သွန်မြိတ်ကိုလည်း လှီးပါ။

ပြီးရင်တော့ အိုးကိုအပူပေးလိုက်ပြီး နည်းနည်းပူလာရင် ဝက်သားနဲ့ ကင်မ်ချီထည့်လိုက်ပါ။ ငရုတ်သီးမှုန့်၊ နှမ်းဆီ ထည့်လိုက်ပါ။ ပြီးရင်တော့ သေချာမွှေပေးလိုက်ပါ။

၅ မိနစ်လောက်မွှေပေးပြီးရင် တော့ ကင်မ်ချီ အရည်ရယ်၊ ရေ၊ ပဲငံပြာရည်၊ ကြက်သွန်ဖြူ တို့ကိုထည့်လိုက်ပြီး အဖုံးအုပ်ထားလိုက်ပါ။ ပွက်လာရင် မီးနည်းနည်းလျှော့လိုက်ပြီး ခဏသည်ထားပါ။

ပြီးရင်တော့ တို့ဖူး၊ ကြက်သွန်မြိတ်တို့ကိုထည့်လိုက်ပြီး ၅ မိနစ်လောက် ထားလိုက်ရင် စားလို့ရပါပြီနော်။

Source: www.koeanbapsang.com

By: MyStyle Myanmar