အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာတော့ ဝက်သားဟင်း ကြိုက်နှစ်သက်သူများအတွက် အရသာရှိတဲ့ ဝက်သားမွကြော် ပြင်ဆင်ပြုလုပ်နည်း ကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ဝက်သား ၄ ပေါင်
  • ဟင်းသီးဟင်းရွက်ဆီ စားပွဲတင်ဇွန်း ၁ ဇွန်း
  • ကြက်သွန်နီ ၁ ဥ (လေးစိပ် စိပ်ထားပါ)
  • ကြက်သွန်ဖြူ ၆ မြွှာ (ပါးပါးလှီးထားပါ)
  • ဆား လက်ဖက်ရည်ဇွန်း ၂ ဇွန်း

  • ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်
  • ကြက်ပြုတ်ရည် စားပွဲတင်ဇွန်း ၁၆ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ဝက်သားတုံးကို ခပ်ကြီးကြီးအတုံး ၃ တုံး (သို့) ၄ တုံးခန့် လှီးဖြတ်ထားလိုက်ပါ။

၂။ ထို့နောက် Instant Pot ကို Sauté ခလုတ်ကို နှိပ်ထားပြီး ဆီထည့်ပါ။ ဆီပူလာပြီး ပွက်ပွက်ဆူလာပါက ဝက်သားတုံးများထည့်ကာ ၈ မိနစ်၊ ၁၀ မိနစ်ခန့် အပူပေးလိုက်ပါ။ ဝက်သားတုံးကို ဟိုဘက်ဒီဘက် လှည့်ပေးဖို့လည်း လိုပါတယ်။

၃။ ထို့နောက် ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ဆား၊ ငရုတ်ကောင်းမှုန့်နှင့် ကြက်ပြုတ်ရည်တို့ထည့်ပါ။

၄။ Instant Pot ကို အဖုံးအုပ်ပြီးနောက် မိနစ် ၆၀ အချိန်မှတ်ထားပြီး ထည့်ပေါင်းထားလိုက်ပါ။

၅။ သတ်မှတ်ချိန်ပြည့်ပါက ဝက်သားတုံးများကို ခပ်ယူပြီး ခက်ရင်းဖြင့် အသားများကို မွပေးလိုက်ပါ။

၆။ ထို့နောက် အိုးထဲ ပြန်ထည့်ပြီး Sauté ခလုတ် နှိပ်ကာ ဝက်သားများ ပူနွေးလာသည်အထိ အပူပေးလိုက်ပါ။

ဝက်သားများ ပူပူနွေးနွေးလေး ဖြစ်သွားပြီဆိုရင်တော့ မီးပိတ်လိုက်လို့ရပါပြီ။

ဒါဆိုရင်တော့ အရသာရှိတဲ့ ဝက်သားမွကြော်လေး ရရှိသွားပါပြီ။

ထိုဝက်သားမွကြော်လေးကို ထမင်းနဲ့ တွဲဖက်စားသုံးနိုင်သလို ဟမ်ဘာဂါထဲ ညှပ်စားမယ်ဆိုရင်လည်း လိုက်ဖက်မှု ရှိပါတယ်။

Source: Thespruceeats.com