ခေါက်ဆွဲကြော်ကြိုက်တဲ့သူတွေအတွက် အရသာရှိပြီး လုပ်ရတာလည်းလွယ်ကူတဲ့ Ramen ခေါက်ဆွဲကြော်နည်းကို မျှဝေပေးလိုက်ပါတယ်။

ဂေါ်ဖီ၊ မုန်လာဥနီ၊ ကြက်သွန်နီတို့ကို လှီးထားပါ။ ခရမ်းချဉ်သီး ၁ လုံးကိုလည်း လှီးထားပါ။ ကြက်သွန်မြိတ်နဲ့ နံနံပင်ကိုလည်း နည်းနည်းစီလှီးထားပါ။

Ready Made Ramen ခေါက်ဆွဲခြောက် – ၂ ထုပ်ကို ရေနွေးထဲထည့်ပြုတ်ပါ။ နူးတာနဲ့ ရေစစ်ချထားပါ။

ရေစစ်ချပြီးရင် ပန်းကန်လုံးအကြီးထဲကို ထည့်လိုက်ပါ။ အဲ့ထဲကို ခေါက်ဆွဲထုပ်ထဲမှာပါတဲ့ အရသာထုပ်တွေ ဖောက်ထည့်ပါ။ ခေါက်ဆွဲထုပ် ၂ ထုပ်လုံးရဲ့ အရသာထုပ်တွေကို ထည့်ပေးပါ။ သကြား – လက်ဖက်ရည်ဇွန်း ၁ ဇွန်းထည့်ပြီး သမအောင်နယ်လိုက်ပါ။

ဒယ်အိုးထဲကို ဆီထည့်ပြီး ကြက်သွန်ဖြူ – ၄ တက်ကို နုတ်နုတ်ဆင်းထည့်ပြီး ဆီသက်ပါမယ်။

လှီးထားတဲ့ ဂေါ်ဖီ၊ မုန်လာဥနီနဲ့ ကြက်သွန်နီ တို့ကို ထည့်ကြော်ပါမယ်။ ငံပြာရည် – လက်ဖက်ရည်ဇွန်း ၁ ဇွန်းနဲ့ ပဲငံပြာရည် – လက်ဖက်ရည်ဇွန်း ၁ ဇွန်းထည့်ပါမယ်။

နည်းနည်းနူးပြီဆိုရင် ကြက်ဥ – ၂ လုံး ဖောက်ထည့်ပြီး ခေါက်ဆွဲထည့်ကြော်ပါမယ်။

လှီးထားတဲ့ ခရမ်းချဉ်သီး၊ ကြက်သွန်မြိတ်၊ နံနံပင်တို့ကိုလည်း ထည့်ကြော်ပါမယ်။

ကြော်တာအားလုံးနူးပြီဆိုရင်တော့ ပန်းကန်ထဲထည့်ပြီး စားလို့ရပါပြီ။ ဒါဆိုရင်တော့ အရသာရှိတဲ့ Ramen ခေါက်ဆွဲကြော်ကို ရရှိသွားပါပြီ။

Source: www. pailin’skitchen