အစားအသောက်ခုံမင်သူ အားလုံးကို MyFood Myanmar မှ တစ်ဖန်ပြန်လည် ကြိုဆိုလိုက်ပါတယ်နော်။ ဒီတစ်ခါမှာတော့ အာလူးကြိုက်နှစ်သက်တဲ့ အာလူးချစ်သူတွေအတွက် အရသာရှိတဲ့ အာလူးပန်ကိတ် ပြုလုပ်နည်းလေးကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်း

  • အာလူးပြုတ် ၅ လုံးခန့် (ပြုတ်ပြီးနောက် ထောင်းထားလိုက်ပါ)
  • ဆား လက်ဖက်ရည်ဇွန်း ၁ ဇွန်းခွဲမှ ၂ ဇွန်းအထိ
  • ဂျုံမှုန့်အနည်းငယ်
  • မုန့်ဖုတ်ဆိုဒါ လက်ဖက်ရည်ဇွန်း ၂ ဇွန်း
  • ကြက်ဥ ၂ လုံး (မွှေခလောက်ထားပါ)

  • နွားနို့ စားပွဲတင်ဇွန်း ၄ ဇွန်းခန့်
  • ထောပတ် (သို့) ဆီအနည်းငယ်

ပြုလုပ်နည်းအဆင့်ဆင့်

၁။ အာလူးထောင်းများကို အဝတ်စသန့်သန့်တစ်ခုထဲ ထည့်ပြီး ရေစင်အောင် ညှစ်ချလိုက်ပါ။

၂။ ပန်းကန်လုံးတစ်လုံးထဲတွင် ဂျုံမှုန့်၊ ဆားနှင့် မုန့်ဖုတ်ဆိုဒါတို့ ထည့်ပြီး သမအောင် ရောမွှေလိုက်ပါ။

၃။ တစ်ဖန် ဂျုံမှုန့် အရောအနှောများကို အာလူးထောင်းနှင့် သမအောင် ရောမွှေလိုက်ပါ။ ထို့နောက် ကြက်ဥများ လောင်းထည့်ကာ ထပ်မွှေပေးရပါမယ်။

၄။ နွားနို့များ ထည့်ကာ ထပ်မွှေပေးလိုက်ပါ။

၅။ ဒယ်အိုးကို အပူပေးပြီးနောက် ထောပတ် (သို့) ဆီများထည့်ကာ အပူပေးလိုက်ပါ။

၆။ ထောပတ်များ အရည်ပျော်သွားပါက (သို့) ဆီပူလာပြီဆိုပါက အာလူးအနှစ်များထည့်ကာ အဝိုင်းပုံသဏ္ဍာန် ဖြန့်ကျက်လိုက်ပါ။

တစ်ခြမ်းကို ၄ မိနစ်စီ ကြော်ပေးရပါမယ်။

၇။ အာလူးများ ရွှေညိုရောင် ပြောင်းသွားပါက ဆီစုပ်စက္ကူပေါ် တင်ထားလိုက်ပါ။

ဆီစစ်သွားပြီဆိုပါက ပန်းကန်ပြားထဲထည့်ကာ ခရမ်းချဉ်သီးဆော့စ် (သို့) ငရုတ်သီးဆော့စ်ဖြင့် တွဲဖက်ကာ အရသာရှိရှိသုံးဆောင်နိုင်ပါပြီ။

Source: thespruceeats.com