အီတလီစတိုင် ဝက်နံရိုးစတူး နဲ့ဝက်သားအငံ (Bacon) ပူဒီနံသုပ် ၊ ကြက်သွန်ဖြူပေါင်မုန့်ကင်စတဲ့ အနောက်တိုင်းဟင်းလျှာ အတွဲအစပ်လေးနဲ့တင်ဆက်ချင်ပါတယ် ၊ ပြင်ဆင်ချက်ပြုတ်ရတာလွယ်ကူပြီး အရသာလည်း မျှတတဲ့ဒီအနောက်တိုင်းဟင်းလျှာအတွဲလေးကို ရွေးချယ်လိုက်တာက ကျွန်တော်တို့လို အရှေ ့တိုင်းသားတွေက ဝက်နံရိုးကိုအလွန်နှစ်သက်ကြပြီး အရသာအမျိုးမျိုးဖန်တည်းချက်ပြုတ်တတ်တာမို့အခုလို တစ်မူထူးခြားတဲ့ အီတလီ အစားအစာပြင်ဆင်ချက်ပြုတ်တဲ့နည်းလေးနဲမိတ်ဆက်ပေးလိုက်တာပါ။

ပါဝင်ပစ္စည်းများ

  • ဝက်နံရိုး – ၃၀ ကျပ်သား
  • ဝက်သားအငံ – ၅ ပြား
  • ကြက်သွန်နီ – ၄ လုံး
  • ကြက်သွန်ဖြူ – ၂၀ တတ်
  • သစ်ဂျပိုးခေါက် – ၁ ချောင်း
  • နာနတ်ပွင့် – ၃ ချောင်း
  • လေးညှင်းပွင့် – ၅ ပွင့်
  • ဖာလာစေ့ – ၅ စေ့
  • ခရမ်းချဉ်သီးအနှစ် – ၁၅၀ ဂရမ်
  • ရေသန့် – ၂ လီတာ
  • သကြား – ၂ ဇွန်း
  • ဝိုင်နီရှာလကာရည် – ၄ ဇွန်း
  • အသားမှုန် – ၂ စွန်း
  • မက်မွန်စေ့လှော် – ၁၀ ကျပ်သား
  • ပူဒီနံရွက် – အနည်းငယ်
  • ပါစလီရွက်ခြောက် – အနည်းငယ်
  • ဆား – အနည်းငယ်
  • ငရုပ်ကောင်းမှုန့် – အနည်းငယ်
  • ထောပတ် – ၂ ဇွန်း
  • ကြက်သွန်ဖြူမှုန့် – ၁ ဇွန်း
  • ငရုပ်ကောင်းချဉ် – အနည်းငယ်
  • ဆလတ်ရွက် – အနည်းငယ်
  • ခရမ်းချဉ်သီး – ၁ လုံး
  • ပါမာဆန်ချိစ်အမှုန် – ၁ ဇွန်း
  • သံပုရာသီး- ၁ လုံး
  • သံလွင်ဆီ – ၃ ဇွန်း
  • ပေါင်မုန့်- ၁ လုံး

ပြုလုပ်နည်း

ဝက်နံရိုး ကို အနေတော်အတုံးလေးများတုံးပြီး သံပုရာရည် ၊ ဆား ၊ ငရုပ်ကောင်းမှုန့်၊ အသားမှုန့်တို့နှင့် အရသာသွင်း ရျွ် မိနစ် ( ၂၀ ) ခန့်နှပ်ထားပါ။ ကြက်သွန်နီ ၊ ကြက်သွန်ဖြူ တို့ကို ဝက်နံရိုးစတူး နှင့် ဝက်သားအငံ ပူဒီနံသုပ် တို့အတွက် အသင့် နုတ်နုတ်စဉ်းထားပါ။

ပူဒီနံအရွက် ၊ ဆလပ်ရွက်တို့ကိုသန့်စင်ထားပြီး ခရမ်းချဉ်သီးကို အစိပ်လေးများလှီးထားပါ။ အသင့်အရသာသွင်းထားသော ဝက်နံရိုး ကို ဒယ်အိုးတွင် သံလွင်ဆီ အနည်းငယ်နှင့် အရောင်ညိုလာသည်အထိ မီးပြင်းပြင်း ဖြင့်အိုးကပ်ကြော်ထားပါ။

ပေါင်းအိုးတွင် သကြား ၂ စွန်း ကို ဦးစွာထည့်ရျွ် အပူပေးပြီးအရည်ပျော်သည်အထိချက်ပါ ၊ သကြားအရည်ပျော်လျှင် အသင့်နုတ်နုတ်စဉ်းထားသော ကြက်သွန်နီ နှင့် ကြက်သွန်ဖြူ ထည့်ရျွ် သံလွင်ဆီ ၂ စွန်းခန့်ဖြင့် ဆီသတ်ထားပါ။

ကြက်သွန်နီ အနည်းငယ်ညိုလာလျှင် ခရမ်းချဉ်သီး အနှစ် ထည့်ချက်ပြီး အသင့်အိုးကပ်ကြော်ထားသော ဝက်နံရိုးများ ထည့်ချက်ပါ။

အရသာ ကို ဝိုင်နီရှာလကာရည် ၊ ကြက်သားမှုန့်၊ ငရုပ်ကောင်းမှုန့်၊ သစ်ဂျပိုးခေါက် ၊ နာနတ်ပွင့် ၊ လေးညှင်းပွင့် ၊ ဖာလာစေ့ တို့ဖြင့်ထိမ်းညှိပြီး ရေသန့်၂ လီတာခန့်ဖြင့် ဝက်နံရိုး နူးသည်အထိ ပေါင်းထားပါ။

ဝက်နံရိုး ပေါင်းထားစဉ် ဝက်သားအငံ ပူဒီနံသုပ် အတွက် ဝက်သားအငံ ( Bacon ) ကို လက်မဝက်ခန့်လှီးရျွ် ဒယ်အိုးတွင်အနည်းငယ်ကြွတ်သည်အထိကြော်ထားပါ ၊ ဝက်သားအငံ အနည်းငယ်ကြွတ်လာလျှင် အသင့်လှီးထားသော ကြက်သွန်နီ နှင့် ကြက်သွန်ဖြူ ထည့်ကြော်ပါ ။

ကြက်သွန်နီ အနည်းငယ်ညိုလာလျှင် ငရုပ်ကောင်းချဉ် နှင့် ဝိုင်နီရှာလကာရည်ထည့်ချက်ပြီး အသင့် သန့်စင်ထားသော ပူဒီနံရွက် အုပ်ရျွ် ဆလပ်ရွက် ၊ ခရမ်းချဉ်သီး တို့ဖြင့်တွဲဖက်ပြီး ပါမာဆန်ချိစ်အမှုန့်အနည်းငယ် ၊ မက်မွန်စေ့ တို့ဖြူးပြီး တည်ခင်းပါ။

ကြက်သွန်ဖြူ ပေါင်မုန့်ကင် အတွက် ပေါင်မုန့်ကို လက်မဝက်ခန့်အထူ အကွင်းလိုက်လှီးပြီး အသင့်နုတ်နုတ်စဉ်းထား သော ကြက်သွန်ဖြူ ကို ထောပတ် ၊ ပါစလီရွက်ခြောက် ၊ ကြက်သွန်ဖြူမှုန့် ၊ ဆား ၊ ငရုပ်ကောင်းမှုန့်တို့ဖြင့်ရောမွှေပြီး ပေါင်မုန့်တွင် သုပ်လိမ်း ရျွ် ဒယ်အိုးတွင် အနည်းငယ် ညိုသည်အထိအိုးကပ်ကင်ထားပါ။

ဝက်နံရိုး နူးလျှင် မက်မွန်စေ့ နှင့် ပူဒီနံရွက် အနည်းငယ် အုပ်ရျွ် အသင့် သုပ်ထားသော ဝက်သားအငံ ပူဒီနံသုပ် ၊ ကြက် သွန်ဖြူပေါင်မုန့်ကင် တို့နှင့်တွဲဖက်တည်ခင်းပါ။