ချဉ်ငံစပ် ဖြစ်လို့ ဘယ်အချိန်ပဲ သုပ်စားစား အဆင်ပြေပါတယ်။ သတ်သတ်လွတ် စားသုံးသူများလဲ ငါးငံပြာရည်မထည့်ပဲ သတ်သတ်လွတ် သုပ်စားနိုင်တာကြောင့် အရသာရှိရှိ ချဉ်ငံစပ် သတ်သတ်လွက်ဟင်းတစ်ပွဲ ကိုရရှိမှာပါ။ လုပ်စားကြည့်လိုက်နော်။
ပါဝင်ပစ္စည်းများ
- ပိနဲ္နသီး – ၃ကွင်း (အသားမှုန့်နှင့် ပြုတ်ထားပါ)
- ကြက်သွန်ဖြူဆီချက် – ၁ဇွန်း စားပွဲဇွန်း
- ပဲအကျက်မှုန့် – ၂ ဇွန်း လက်ဖက်ဇွန်းး
- နံနံပင် – ၅ပင် (အရွက်တွေပဲချွေယူထားပါ၊ ခတ်ကြမ်းကြမ်းလှီးထားပါ)
- ပဲပုတ်ခြောက်စေ့ -၃ ဇွန်း စားပွဲဇွန်း (လှော်ထားပါ၊ မညက်တစ်ညက်ထောင်းထားပါ)
- ခရမ်းချဉ်သီး အနှစ်ပြုလုပ်ရန် ပါဝင်ပစ္စည်းများ
- ငရုတ်သီးစိမ်း ၁၀ တောင့်
- ငံပြာရည် ၁ ဇွန်း စားပွဲဇွန်း
- ဆား တစ်ဝက် ဇွန်း လက်ဖက်ဇွန်း
- ကြက်သွန်ဖြူ – ၅မွှာ (အခွံခွာပြီး တစ်ပြားရိုက်ထားပါ)
- နံနံရိး – ၅ ရိုး
- ကိုင်းခရမ်းချဉ်သီး – ၁၀ လုံး
ပြုလုပ်နည်း
- အိုးထဲကို ခရမ်းချဉ်သီး အနှစ် ပြုလုပ်ရန် ပါဝင်ပစ္စည်းများ အားလုံးထည့်ပြီး မီးမှင်မှင်လေးဖြင့် ပြုတ်ထားပါ။ ခရမ်းချဉ်သီးများ နူးအိလာလျှင် ရပါပြီ။
- ပြုတ်ထားသော ပိနဲ္နသီးကို အခွံခွာပြီး အဖတ်များ ကို လက်ဖြင့်အသာ အနေတော် ဖယ့်ထားပါ။
- သုပ်ရန် ပိနဲ္နသီးဖတ် နှင့် ခရမ်းချဉ်သီးအနှစ် လိုသလောက် နှင့် ခရမ်းသီး ပြုတ်ရာတွင် ပါဝင်သော ငရုတ်သီးစိမ်း နှင့် ကြက်သွန်ဖြူဖတ်များလဲ ထည့်သုပ်လို့ ရပါတယ်။ ကျန်ပါဝင် ပစ္စည်းများ အားလုံး ထည့်ပြီး နှံ့အောင် လက်ဖြင့်နယ်ပါ။ စားမြည်းပါ၊လိုတာ ထပ်ဖြည့် နိုင်ပါတယ်။
- *မှတ်ချက်- ကိုင်းခရမ်းချဉ်သီး ဖြစ်သောကြောင့် ချဉ်ပါသည်။ ခရမ်းချဉ်သီးအနှစ်ကို လိုသလောက်ထည့်ပြီး ပိုတာကို လေလုံ ဖန်ဗူးလေးဖြင့် ရေခဲသေတ္တာထဲမှာ ၂ပတ်လောက်ထားလို့ရပါတယ်။
Credit: Syilwin Foodsgarden