ပါဝင်ပစ္စည်းများ
- ပိန္နဲ့သီးစေ့
- ဆား
- သံလွင်ဆီ
ပြင်ဆင်ပြုလုပ်နည်း
- ပထမဦးစွာ ပိန္နဲ့သီးစေ့များကို ရေစင်အောင်ဆေးပြီး အိုးတလုံးထဲတွင် ရေမြုပ်ရုံ ထည့်၍ ပြုတ်ပါ ။
- ပိန္နဲ့သီးစေ့များကျက်လျှင် မီးပေါ်မှချ၍ ရေပူများ သွန်ပြီး ရေအေးနှင့် ဆေး၍ အအေးခံပါ ။
- အေးသွားလျှင် အခွံခွာပြီး ပန်းကန်လုံးထဲတွင် ထည့်၍ ဆားနှင့် သံလွင်ဆီတို့နှင့် နယ်၍ သရေစာ အဖြစ် စားနိုင် ပါသည် ။
MyFood Myanmar