ချဉ်ငံစပ် ဖြစ်လို့ ဘယ်အချိန်ပဲသုပ်စားစား အဆင်ပြေပါတယ် ။ သတ်သတ်လွတ် စားသုံးသူများလဲ ငါးငံပြာရည် မထည့်ပဲ သတ်သတ်လွတ် သုပ်စားနိုင်တာကြောင့် အရသာရှိရှိ ချဉ်ငံစပ် သတ်သတ် လွက်ဟင်းတစ်ပွဲ ကိုရရှိမှာပါ ။ လုပ်စားကြည့်လိုက်နော်။
ပါဝင်ပစ္စည်းများ
- ပိနဲ္နသီး – ၃ ကွင်း (အသားမှုန့်နှင့် ပြုတ်ထားပါ)
- ကြက်သွန်ဖြူဆီချက် – ၁ ဇွန်း စားပွဲဇွန်း
- ပဲအကျက်မှုန့် – ၂ ဇွန်း လက်ဖက်ဇွန်း
- နံနံပင် – ၅ ပင် (အရွက်တွေပဲချွေယူထားပါ၊ ခတ်ကြမ်းကြမ်းလှီးထားပါ)
- ပဲပုတ်ခြောက်စေ့ – ၃ ဇွန်း စားပွဲဇွန်း (လှော်ထားပါ၊ မညက်တစ်ညက်ထောင်းထားပါ)
ခရမ်းချဉ်သီး အနှစ်ပြုလုပ်ရန် ပါဝင်ပစ္စည်းများ
- ငရုတ်သီးစိမ်း – ၁၀ တောင့်
- ငံပြာရည် – ၁ ဇွန်း စားပွဲဇွန်း
- ဆား – တစ်ဝက် ဇွန်း လက်ဖက်ဇွန်း
- ကြက်သွန်ဖြူ – ၅ မွှာ (အခွံခွာပြီး တစ်ပြားရိုက်ထားပါ)
- နံနံရိး – ၅ ရိုး
- ကိုင်းခရမ်းချဉ်သီး – ၁၀ လုံး