ချဉ်ငံစပ် ဖြစ်လို့ ဘယ်အချိန်ပဲသုပ်စားစား အဆင်ပြေပါတယ်။
သတ်သတ်လွတ်စားသုံးသူများလဲ ငါးငံပြာရည်မထည့်ပဲ သတ်သတ်လွတ်သုပ်စားနိုင်တာကြောင့် အရသာရှိရှိ ချဉ်ငံစပ် သတ်သတ် လွက်ဟင်းတစ်ပွဲ ကိုရရှိမှာပါ။ လုပ်စားကြည့်လိုက်နော်။
ပါဝင်ပစ္စည်းများ
ပိန္နဲသီး – ၃ ကွင်း (အသားမှုန့်နှင့် ပြုတ်ထားပါ)
ကြက်သွန်ဖြူဆီချက် – ၁ ဇွန်း စားပွဲဇွန်း
ပဲအကျက်မှုန့် – ၂ ဇွန်း လက်ဖက်ဇွန်း
နံနံပင် – ၅ ပင် (အရွက်တွေပဲချွေယူထားပါ၊ ခတ်ကြမ်းကြမ်းလှီးထားပါ)
ပဲပုတ်ခြောက်စေ့ – ၃ ဇွန်း စားပွဲဇွန်း (လှော်ထားပါ၊ မညက်တစ်ညက်ထောင်းထားပါ)
ငရုတ်သီးစိမ်း – ၁၀ တောင့်
ငံပြာရည် – ၁ ဇွန်း စားပွဲဇွန်း
ဆား – တစ်ဝက် ဇွန်း လက်ဖက်ဇွန်း
ကြက်သွန်ဖြူ – ၅ မွှာ (အခွံခွာပြီး တစ်ပြားရိုက်ထားပါ)
နံနံရိး – ၅ ရိုး
ကိုင်းခရမ်းချဉ်သီး – ၁၀ လုံး
ပြုလုပ်နည်း
အိုးထဲကို ခရမ်းချဉ်သီး အနှစ်ပြုလုပ်ရန်ပါဝင်ပစ္စည်းများ အားလုံးထည့်ပြီး မီးမျှင်မျှင်လေးဖြင့် ပြုတ်ထားပါ။ ခရမ်းချဉ်သီးများနုးအိလာလျှင်ရပါပြီ။
ပြုတ်ထားသော ပိနဲ္နသီးကို အခွံခွာပြီး အဖတ်များ ကို လက်ဖြင့်အသာ အနေတော်ဖယ့်ထားပါ။
သုပ်ရန် ပိန္နဲသီးဖတ် နှင့် ခရမ်းချဉ်သီး အနှစ်လိုသလောက် နှင့် ခရမ်းသီးပြုတ်ရာတွင်ပါဝင်သော ငရုတ်သီးစိမ်း နှင့် ကြက်သွန်ဖြူဖတ်များ လဲ ထည့်သုပ်လို့ရပါတယ်။ ကျန်ပါဝင်ပစ္စည်းများအားလုံး ထည့်ပြီး နှံ့အောင်လက်ဖြင့်နယ်ပါ။ စားမြည်းပါ၊လိုတာထပ်ဖြည့်နိုင်ပါတယ်။
*မှတ်ချက်- ကိုင်းခရမ်းချဉ်သီး ဖြစ်သောကြောင့် ချဉ်ပါသည်။ ခရမ်းချဉ်သီးအနှစ်ကို လိုသလောက်ထည့်ပြီး ပိုတာကို လေလုံ ဖန်ဗူးလေးဖြင့် ရေခဲသေတ္တာထဲမှာ ၂ပတ်လောက်ထားလို့ရပါတယ်။