ပါဝင်ပစ္စည်းများ
- ဂျပန်တိုဟူး – ၂ တောင့်
- ခရမ်းချဉ်သီး – ၅လုံး
- ကြက်သွန်ဖြူ – ၅ တက်
- ကြက်သွန်နီ – ၁ ခြမ်း
- ငရုတ်သီးစိမ်းတောင့် – ၅တောင့်
- နံနံပင် – အနည်းငယ်
- ဂျုံမှုန့်
- ဆီ
- နနွင်း
- အရောင်တင်မှုန့်
ပြင်ဆင်ပြုလုပ်နည်း
- ဂျပန်တိုဟူးကို လက်တစ်ခန့်အရွယ် မထူမပါးလေးလှီးပြီး ဇကာတစ်ခုမှာ ရေစစ်ထားပါ ။
- ကြက်သွန်နီ ၊ ကြက်သွန်ဖြူကို ရောပြီး ညှက်နေအောင် ထောင်းပါ ။ ခရမ်းချဉ်သီးတွေကို နုပ်နုပ်လေးစဉ်းပါ ။
- ရေစစ်သွားရင် ဂျပန်တိုဟူးတွေကို ဂျုံမှုန့်လူးပြီး ဆီပူပူမှာ ရွှေအိုရောင်ရအောင် ကြော်ကာ ဆီစစ်ထားပါ ။ ဒယ်အိုးတစ်လုံးမှာ ဆီကိုအပူပေးပြီး ထောင်းထားတဲ့ ကြက်သွန်အရောကို နနွင်း ၊ အရောင်တင်တို့ နှင့် ဆီသတ်ပါ ။ အနည်းငယ်နွမ်းလာလျှင် ခရမ်းချဉ်သီးထည့်ပေါင်းပြီး ဆား ၊ ဟင်းခတ်မှုန့်တို့နှင့် အရသာသွင်းပါ ။
- အဖုံးပိတ်ပြီး ဆီပြန်လာကာ ခရမ်းချဉ်သီးတွေနှူးအိသွားသည်အထိ ချက်ပေးပြီး ငရုတ်သီးစိမ်းတောင့်လေးတွေ ပေါင်းထည့်ပါ။ နောက်ဆုံးမှ ကြော်ထားတဲ့ ဂျပန်တိုဟူးလေးတွေထည့် ဖြေးညှင်းစွာ သမအောင်မွှေပေးပြီး နံနံပင်လေးအုပ်ကာ သုံးဆောင်နိူင်တဲ့ သားသတ်လွတ် ဂျပန်တိုဟူးဟင်းဖြစ်ပါတယ် ။
Credit: ဟင်းချက်နည်းများ