ဒီတစ်ခါမှာတော့ ပုစွန်ကြော်စားရတာ ကြိုက်တဲ့သူတွေ၊ ပုစွန်တန်ပူရာကြော် ကြိုက်တဲ့သူတွေအတွက် အရသာရှိပြီး လွယ်လွယ်ကူကူလုပ်စားလို့ရမယ့် ဂျပန်စတိုင်လ် ပုစွန်ကြော်ပြုလုပ်နည်းကို မျှဝေပေးလိုက်ပါတယ်။

ပထမဆုံးအနေနဲ့ ပုစွန်ကို အခွံတွေခွာပြီး အလယ်ကိုခွဲကာ အမဲချောင်းထုတ်ပါမယ်။ ပြီးရင် ပုံမှာပြထားတဲ့အတိုင်း ဓားနဲ့မွှန်းပြီး ရေခဲရေနဲ့ ဆေးပေးပါ။

ဆေးပြီးရင် ပန်းကန်ထဲထည့်ပြီး အရောင်တင်ငရုပ်သီးမှုန့် – လက်ဖက်ရည်ဇွန်းတစ်ဝက်၊ ကြက်သွန်ဖြူအမှုန့် – လက်ဖက်ရည်ဇွန်းတစ်ဝက်၊ ဆား – အနည်းငယ်၊ ရှာလကာရည် (သို့) သံပုရာရည် – လက်ဖက်ရည်ဇွန်းတစ်ဇွန်းထည့်ပြီး မအောင်နယ်ပါ။ နယ်ပြီးရင် ၁၅ မိနစ်လောက် ထားထားလိုက်ပါ။

နောက်ထပ်ပန်းကန်လုံးထဲကို – ဂျုံမှုန့် – ခွက်ရဲ့ လေးပုံ ပုံ တစ်ပုံစာ ထည့်ပြီး ကြက်သွန်ဖြူအမှုန့် – လက်ဖက်ရည်ဇွန်းတစ်ဝက်၊ အရောင်တင်ငရုပ်သီးမှုန့် – လက်ဖက်ရည်ဇွန်းတစ်ဝက်၊ ဆား – အနည်းငယ်၊ ငရုပ်ကောင်းမှုန့် – အနည်းငယ် ထည့်ပြီး သမအောင် မွှေပေးပါ။

နောက်ထပ်ပန်းကန်ထဲကို ကြက်ဥ – ၁ လုံးဖောက်ထည့်ပြီး ဆား – အနည်းငယ် ထည့်ခလောက်ထားပါ။

အားလုံးအဆင်သင့်ဖြစ်အောင် Bread Crumbs တွေကို ပန်းကန်ထဲထည့်ပါ။ ပြီးရင် ခလောက်ထားတဲ့ ကြက်ဥပန်းကန်နဲ့ နယ်ထားတဲ့ဂျုံမှုန့်ပန်းကန်ကိုလည်း အဆင်သင့်ထားထားပါ။

အားလုံးပြီးပြီဆိုရင်တော့ နယ်ထားတဲ့ ပုစွန်ကိုယူပြီး ဂျုံမှုန့်ပန်းကန်ထဲ ထည့်နယ်၊ ပြီးရင် ကြက်ဥပန်းကန်ထဲ ထည့်နှစ်၊ ပြီးရင် Bread Crumbs ပန်းကန်ထဲ ထည့်နယ်လိုက်ပါ။ အားလုံးပြီးရင် ရေခဲသေတ္တာထဲမှာ ၁၀ မိနစ်လောက် ထည့်ထားလိုက်ပါ။ အချိန်ပြည့်မှ ဆီအိုးထဲထည့်ပြီး ကြော်လို့ရပါပြီ။

အားလုံးကြော်ပြီးရင်တော့ ပန်းကန်ထဲထည့်ပြီး အချဉ်နဲ့တို့ကာ စားသုံးနိုင်ပါပြီ။

Source: www.tosted