အားလုံးပဲ မင်္ဂလာပါ။ ကျန်းမာရေးနဲ့ညီညွှတ်ပြီး အာဟာရပြည့်ဝတဲ့အစားအစာကို နှစ်ခြိုက်စွာ စားသုံးကြသူများအတွက် ဒီတစ်ခါမှာတော့ ဂျပန်စတိုင်လ်ပြုလုပ်ထားတဲ့ ကြက်ဥဆင်းဒဝှဒ်ချ်မနက်စာ ပြုလုပ်ပြင်ဆင်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ပေါင်မုန့် ၂ ချပ်
  • မကျက်တကျက် ပြုတ်ထားသော ကြက်ဥပြုတ် ၃ လုံး
  • မိရောနိစ် စားပွဲတင်ဇွန်း ၁ ဇွန်းခွဲ
  • ဆားနှင့် ငရုတ်ကောင်းမှုန့် အနည်းငယ်
  • ကြက်သွန်နီအမှုန့် အနည်းငယ်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ကြက်ဥပြုတ် ၁ လုံးကို အလယ်တည့်တည့်ကနေ ထက်ခြမ်း ခြမ်းလိုက်ပါ။ ထို့နောက် အနေတော် လှီးဖြတ်ပေးလိုက်ပါ။

၂။ လှီးဖြတ်ထားတဲ့ ကြက်ဥအတုံးလေးများကို ပန်းကန်လုံးထဲထည့်ကာ မိရောနိစ်၊ ငရုတ်ကောင်းမှုန့်၊ ကြက်သွန်နီအမှုန့်၊ ဆားတို့ဖြင့် သမအောင် နယ်ပေးလိုကပါ။

၃။ ပေါင်မုန့်နှစ်ချပ်ကို စဉ်းနီတုံးပေါ်တွင် အဆင်သင့်တင်ထားပါ။ ကြက်ဥပြုတ် ၁ လုံးကို ပါးပါးလှီးပြီးနောက် ပေါင်မုန့်တစ်ချပ်ပေါ်သို့ တင်ထားလိုက်ပါ။

၄။ ထို့နောက် ထိုကြက်ဥပြုတ်ကို စောစောကနယ်ထားသော ကြက်ဥအရောအနှောဖြင့် ဖုံးအုပ်လိုက်ပါ။

၅။ အခြားပေါင်မုန့်တစ်ချပ်ကို စောစောကပေါင်မုန့်ချပ်ပေါ်သို့ တင်ထားလိုက်ပါ။

၆။ ပေါင်မုန့်ဘေးသားများကို မနှစ်သက်ပါက လှီးထုတ်နိုင်ပါတယ်။ ထို့နောက် ကြက်ဥပြုတ်ရဲ့အလှအပလေးပေါ်လွင်နေဖို့ရန်အတွက် ထိုပေါင်မုန့်ကို ထောင့်ဖြတ်မျဉ်းအတိုင်း လှီးဖြတ်လိုက်ပါ။

ဒါဆိုရင်တော့ တြိဂံပုံသဏ္ဍာန် ကြက်ဥဆင်းဒဝှစ်ချ်လေး ရရှိသွားပါပြီ။

Source: Norecipes.com