ကြာဇံချက် ကြိုက်နှစ်သက်သူများအတွက် ဒီတစ်ခါမှာတော့

ပါဝင်ပစ္စည်းများ

  • တရုတ်မှို ၄ ပွင့်
  • အပ်မှို တစ်ထုပ်
  • ကြာဇံ ၂ အောင်စ
  • ဆီ လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ကြက်ပြုတ်ရည် (သို့) ဟင်းရွက်ပြုတ်ရည် ၁ လီတာ

  • ကြက်သွန်မြိတ် ၁ ပင် (ဒေါင်လိုက် လှီးဖြတ်ထားပါ)
  • ပဲငံပြာရည် စားပွဲတင်ဇွန်း ၂ ဇွန်း
  • ဆာကေး ခေါ် ဂျပန်အရက် စားပွဲတင်ဇွန်း ၁ ဇွန်း
  • ဆား လက်ဖက်ရည်ဇွန်း တစ်ဝက်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ မှိုရဲ့ ပင်စည်ကို လှီးထုတ်ပြီးနောက် အပွင့်ကိုပါးပါးလှီးထားပါ။

၂။ အပ်မှိုရဲ့ အပြစ်ကို ဖယ်ရှားထားပြီးနောက် အလျား ၂ လက်မစီ ခွဲထားလိုက်ပါ။

၃။ ကြာဇံကို ရေနွေးထဲတွင် ၅ မိနစ်ခန့် စိမ်ထားလိုက်ပါ။

၄။ သတ်မှတ်ချိန်ပြည့်သွားရင်တော့ ကြာဇံကို ဆယ်ယူကာ ၃ လက်မအရှည် လှီးဖြတ်ထားပါ။

၅။ ဒန်အိုးတစ်လုံးကို အပူပေးပြီး ဆီထည့်ပါ။ ဆီပူလာပါက အပ်မှိုနှင့် တရုတ်မှိုတို့ကို ပျော့အိသွားသည်အထိ မွှေပေးလိုက်ပါ။

၆။ ကြက်ပြုတ်ရည် (သို့) ဟင်းရွက်ပြုတ်ရည်ကို အိုးထဲထည့်ပြီး ဆူပွက်လာသည်အထိ တည်ထားလိုက်ပါ။

၇။ ပွက်ပွက်ဆူသွားရင်တော့ ကြာဇံနှင့် ကြက်သွန်မြိတ်တို့ ထည့်လိုက်ပါ။

၈။ ငံပြာရည်၊ ဆာကေးနှင့် ဆားတို့ထည့်ကာ အရသာအပေါ့အငန်မြည်းကြည့်လိုက်ပါ။

အရသာအစပ်အဟပ်တည့်သွားရင်တော့ ဂျပန်စတိုင်လ် မှို ကြာဇံချက်လေး ရရှိသွားပါပြီ။ အရသာရှိရှိ သုံးဆောင်လိုက်ပါ။

Source: Thespruceeats.com