ဆင်းဒဝှဒ်ချ်ကြိုက်နှစ်သက်သူများအတွက် ဒီတစ်ခါမှာတော့ အသားညှပ်ပေါင်မုန့်မဟုတ်ဘဲ သီးစုံသစ်သီးလေးများဖြင့် ပြုလုပ်ထားတဲ့ သစ်သီးဆင်းဒဝှဒ်ချ် ပြုလုပ်နည်းလေးကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ပေါင်မုန့် ၆ ချပ်
  • Heavy Cream ၁၆ အောင်စ (ပန်းကန်လုံးအသေး ၂ လုံးစာ)
  • သကြား စားပွဲတင်ဇွန်း ၃ ဇွန်း
  • စတော်ဘယ်ရီသီး ၆ လုံး (ရေဆေးပြီးနောက် ရွက်ဖတ်စိမ်းများကို ဖယ်ရှားပါ)
  • လိမ္မော်သီး ၁ လုံး (အခွံခွာထားပါ)

စတော်ဘယ်ရီသီးရဲ့ ကျန်းမာရေး အကျိုးကျေးဇူး

  • ကီဝီသီး ၂ လုံး (အခှံခှာထားပါ)

ပြုလုပ်နည်း အဆင့်ဆင့်

၁။ လိမ္မော်သီး၊ ကီဝီနှင့် စတော်ဘယ်ရီတို့ကို အရွယ်အစားတူ ပါးပါးလှီးထားပါ။

၂။ Heavy Cream နှင့် သကြားတို့ကို လျှပ်စစ်မွှေစက်ဖြင့် သမအောင် မွှေပါ။ ထို့နောက် ရရှိလာတဲ့ခရင်မ်အနှစ်ကို ပေါင်မုန့်ချပ် တစ်ချပ်ပေါ်တွင် သုတ်လိမ်းလိုက်ပါ။

၃။ ထို့နောက် ခရင်မ်ပေါ်သို့ သစ်သီးလေးများ အစီအရီတင်ထားလိုက်ပါ။ သစ်သီးအမျိုးအစား တစ်မျိုးချင်းစီ ထည့်နိုင်သလို မျိုးတူသစ်သီးချည်းပဲ ထည့်မယ်ဆိုလည်း ရပါတယ်။ ထို့နောက် သစ်သီးများပေါ်သို့ ခရင်မ်တစ်ထပ် သုတ်လိမ်းပါ။ ပြီးရင်တော့ အခြားပေါင်မုန့်ချပ်တစ်ချပ် ထပ်တင်လိုက်ပါ။

၄။ ထိုသစ်သီးညှပ်ပေါင်မုန့်များကို ရေခဲသေတ္တာထဲတွင် ၂ နာရီမှ တစ်ညတာခန့်အထိ ထည့်ထားနိုင်ပါတယ်။

ဒါဆိုရင်တော့ အရသာရှိတဲ့ သစ်သီးဆင်းဒဝှဒ်ချ်လေး ရရှိသွားပါပြီ။ မနက်စာအဖြစ်လည်း စားသုံးနိုင်သလို နေ့လည်နေ့ခင် သွားရေစာမုန့်အဖြစ်လည်း စားသုံနိုင်ပါတယ်။

Source: Kirbiecravings.com