အားလုံးပဲမင်္ဂလာပါနော်။ ဒီတခါမှာတော့ BBQ ကြက်တောင်ပံလေးကို ဂျပန်စတိုင်လ်လေးလုပ်စားလို့ရအောင်မျှဝေပေးချင်ပါတယ်။

ပါဝင်ပစ္စည်း

  • ကြက်တောင်ပံ ၈ ခု
  • ဆာကေး ၄၀ မီလီလီတာ
  • ပဲငံပြာရည် ၄၀ မီလီလီတာ
  • ငရုတ်သီးမှူန့် အနည်းငယ်

  • ကြက်သွန်ဖြူ ၁ မွှာ
  • ဂျင်း ၂ စိတ်
  • ဂျပန် အရသာ ၇မျိုး ငရုတ်သီးမှူန့် လက်ဖက်ရည်ဇွန်း တစ်ဝက်

ပြုလုပ်နည်း

အရင်ဆုံး ကြက်အတောင်ပံလေးတွေကို အရွယ်တူလေးတွေလှီးလိုက်ပြီး ရေသေချာဆေးလိုက်ပါ။

အဲဒီနောက် ကြက်သားအတွက်အနှစ်ကိုပြင်ဆင်ရမှာဖြစ်ပါတယ်။ ခွက်တစ်လုံးထဲမှာ ဆာကေး၊ ပဲငံပြာရည်၊ ငရုတ်သီးမှူန့်တို့ကိုထည့်လိုက်ပါ။ ကြက်သွန်ဖြူနဲ့ ဂျင်းကိုလည်း ခြစ်ပြီးထည့်ပါ။

ကြက်တောင်ပံကို အထဲထည့်ပြီးနယ်လိုက်ပါ။ အဲဒီနောက် ရေခဲသေတ္တာထဲမှာ ၁ နာရီ၊ ၂ နာရီ လောက် အရသာဝင်အောင်ထားထားပါ။

ပြီးရင် Oven ကို 220 Degree Celsius လောက်ထားလိုက်ပြီး အပူအရင်ပေးထားပါ။

ကြက်တောင်ပံထဲကို ဝါးတိုင်ထည့်လိုက်ပါ။ တကယ်တော့မလိုပါဘူးနော်။ တောင်ပံကိုက်ရတာ တိုနေမှာစိုးလို့ပါ။

အဲဒီနောက် Aluminum Foil ထဲမှာ ကြက်တောင်ပံကို အကင်ကင်တဲ့ အပြားပေါ်မှာတင်လိုက်ပြီး ထည့်လိုက်ပါ။

အဲဒီနောက် Oven ထဲကိုထည့်လိုက်ပြီး ၆ မိနစ်လောက်ကင်ပေးပါ။ အဲဒီနောက် ကျန်တဲ့ ဆော့လ်အနှစ်တွေကို အပေါ်ကနေ ထပ်ပြီးပွတ်ပေးလိုက်ပြီး တောင်ပံကိုတစ်ဖက်လှည့်လိုက်ကာ နောက်ထပ် ၈ မိနစ် ထပ်ကင်ပါ။ အဲဒီနောက် နောက်ထပ်တစ်ဖက်လှည့်လိုက်ပြီး ၁၀ မိနစ်ထပ်ကင်ပါ။ ပြီးရင်တော့ နောက်တစ်ထက်ထပ်ထည့်ကာ ၁၂ မိနစ်ကင်လိုက်ပါ။

အဲဒီနောက် ဂျပန် အရသာ (၇) မျိုး ငရုတ်သီးမှူန့်ကို တင်လိုက်ပြီးနောက်ထပ် ၂ မိနစ်ထပ်ထားလိုက်ပါ။

အဲဒီနောက်သုံးဆောင်လို့ရပါပြီနော်။

Photo: www.yumofchina.com

By: MyFood Myanmar