အားလုံးပဲ မင်္ဂလာပါ။ ရေညှိထမင်းလိပ် ကြိုက်နှစ်သက်သူများအတွက် ဒီတစ်ခါမှာတော့ မိနစ်ပိုင်းအတွင်း အလွယ်တကူပြုလုပ်နိုင်တဲ့ Onigiri ဂျပန်ထမင်းလိပ် ပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ရေညှိ ၂ ချပ်
  • ထမင်း ပန်းကန်လုံး ၄ လုံးစာ
  • ဆား အနည်းငယ်
  • နှမ်းစေ့မဲ အနည်းငယ်
  • ကင်ပြီးသား ဆော်လမွန်ငါး (သို့) မိမိကြိုက်နှစ်သက်ရာ အသားတစ်မျိုးမျိုး

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ရေညှိ တစ်ချပ်စီကို ၄ စိပ် အညီအမျှ လှီးဖြတ်ထားပါ။

၂။ ထမင်း လိပ်တဲ့အခါ လက်ဖဝါးနှစ်ဖက်တွင် ထမင်းကပ်မနေဖို့ရန်အတွက် လက်နှစ်ဖက်ကို အရင်ဆုံး ရေဆွတ်ထားပါ။ ထို့နောက် ဆားဖြင့် ပွတ်တိုက်ထားလိုက်ပါ။

၃။ ထို့နောက် ထမင်းဆုပ်ကို တြိဂံပုံသဏ္ဍာန် ထူထူသိပ်သိပ်လေး လုံးပေးလိုက်ပါ။

၄။ ထို့နောက် ထမင်းလိပ်ရဲ့ အလယ်တည့်တည့်တွင် ဆော်လမွန်ငါးလေး ထည့်ကာ တြိဂံပုံသဏ္ဍာန် ထပ်လိပ်ပေးလိုက်ပါ။

၅။ ရရှိလာတဲ့ တြိဂံပုံ ထမင်းလိပ်လေးကို ရေညှိချောင်းဖြင့် ပတ်ပေးနိုင်သလို နှမ်းစေ့များဖြင့်လည်း ကပ်ထားနိုင်ပါတယ်။

ဒါဆိုရင်တော့ မိနစ်ပိုင်းအတွင်း လုပ်စားနိုင်တဲ့ ဂျပန် ထမင်းလိပ်လေး ရရှိသွားပါပြီ။

Source: Thespruceeats.com