အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာ ဝေမျှပေးချင်တဲ့ သွားရေစာမုန့်လေးကတော့ ဂျပန်ရိုးရာ ဆန်မုန့်ကြော်ပဲဖြစ်ပါတယ်။ ထိုဆန်မုန့်ကြော်က မြန်မာ့သွားရေစာမုန့်တစ်မျိုးဖြစ်တဲ့ ချိုး(ဂျိုး)ကြော်နဲ့ ဆင်တူပါတယ်။

ကွဲပြားသွားတဲ့အချက်ကတော့ ဆန်မုန့်ကြော်က ချိုးကြော်ထက် အသားပိုထူပြီး နေလှန်းစရာမလိုဘဲ ထမင်းနဲ့ ဂျုံမှုန့်ရှိရုံနဲ့ အလွယ်တကူပြုလုပ်နိုင်ခြင်းပဲဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ထမင်း ပန်းကန်လုံး ၂ လုံးစာ (ထမင်းကို ပျော့ပျော့လေးဖြစ်သွားအောင်လို့ ပေါင်းထားပါ)
  • ဂျုံမှုန့် စားပွဲတင်ဇွန်း ၂ ဇွန်း
  • ဟင်းသီးဟင်းရွက်ဆီ စားပွဲတင်ဇွန်း ၁ ဇွန်း
  • တို့စားရန် ပဲငံပြာရည် စားပွဲတင်ဇွန်း ၁ ဇွန်း (သို့) သကြား စားပွဲတင်ဇွန်း ၁ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ထမင်းပေါင်းကို ပန်းကန်လုံးထဲထည့်ပါ။ ထို့နောက် ဂျုံမှုန့် ဖြူးထည့်ကာ သမအောင် နယ်ပေးလိုက်ပါ။

၂။ ထို့နောက် ထမင်းကို စက်ဝိုင်းပုံသဏ္ဍာန် အဝိုင်းပြားပြားလေး ဖြစ်အောင် ပုံဖော်လိုက်ပါ။

၃။ ဒယ်အိုးကို အပူပေးပြီး ဟင်းရွက်ဆီ ထည့်ပါ။

၄။ ဆီပူလာပါက မီးအေးအေးဖြင့် ဆန်မုန့်ဝိုင်းများထည့်ကာ မိနစ်အနည်းငယ်ခန့် ကြော်ပေးလိုက်ပါ။

၅။ ထို့နောက် အခြားတစ်ဖက်သို့လှန်ကာ နောက်ထပ်မိနစ်အနည်းငယ်ခန့် ကြော်ပေးလိုက်ပါ။

အညိုရောင်ဖျော့ဖျော့လေး ပြောင်းသွားသည်အထိ ကြော်ပြီးတဲ့နောက်မှာတော့ မီးဖိုပေါ်က ချလိုက်လို့ရပါပြီ။

ဒါဆိုရင်တော့ အရသာရှိတဲ့ ဂျပန်ဆန်မုန့်ကြော်လေး ရရှိသွားပါပြီ။

မိမိနှစ်သက်ရာ အချဉ်ဆော့စ်တို့ဖြင့် အရသာရှိရှိ တို့စားနိုင်ပါတယ်။

Source: Thespruceeats.com