(Unicode)
အားလုံးပဲ မင်္ဂလာပါ။ ကြက်ဥကြော်ချည်းပဲ ကြော်စားရတာ ငြီးငွေ့နေပြီဆိုသူများအတွက် ဒီတစ်မှာတော့ ချက်ပြုတ်နည်း အသစ်အဆန်းလေးကို ဝေမျှပေးချင်ပါတယ်။ ဂျပန်စတိုင်လ် ကြက်ဥလိပ်ပြုလုပ်နည်းပဲဖြစ်ပါတယ်။
ပါဝင်ပစ္စည်းများ
- ကြက်ဥ ၁၂ လုံး
- ခရင်မ်နွားနို့ စားပွဲတင်ဇွန်း ၂ ဇွန်း
- ပဲငံပြာရည်အကြည် ၄၀ မီလီလီတာ
- သကြား ၄၀ ဂရမ်
- ရေ ၄၀ မီလီလီတာ
- ဆားအနည်းငယ်
- ဟင်းသီးဟင်းရွက်ဆီ စားပွဲတင်ဇွန်း ၄ ဇွန်း
ပြုလုပ်နည်း အဆင့်ဆင့်
၁။ ပန်းကန်လုံးတစ်လုံးထဲမှာ ခရင်မ်နွားနို့ စားပွဲတင်ဇွန်း ၂ ဇွန်း၊ ပဲငံပြာရည်အကြည်၊ သကြားနှင့် ရေ ၄၀ မီလီလီတာတို့ကို သမအောင် ရောမွှေပေးလိုက်ပါ။ ထို့နောက် ကြက်ဥ ၁၂ လုံးကို ဖောက်ထည့်ပြီး ခပ်ပြင်းပြင်းလေး မွှေခလောက်ပေးလိုက်ပါ။
၂။ ဒယ်အိုးကို အပူပေးပြီး ဟင်းသီးဟင်းရွက်ဆီ စားပွဲတင်ဇွန်း ၂ ဇွန်းထည့်လိုက်ပါ။ ဆီပူလာပါက ကြက်ဥများ ထည့်ကြော်ပေးလိုက်ပါ။
ကြက်ဥမကျက်တကျက်အချိန်မှာ ကြက်ဥအစွန်းတစ်ဖက်မှနေပြီး တစ်လိပ်ချင်းစီ ဖြည်းဖြည်းချင်းလိပ်ပေးလိုက်ပါ။
၃။ သုံးလိပ်၊ လေးလိပ်ခန့် လိပ်ပြီးသွားတဲ့အခါမှာတော့ မီးဖိုပေါ်မှာ ၁ မိနစ်ခန့် ထပ်ကြော်ပေးရပါမယ်။
ရရှိလာတဲ့ ကြက်ဥလိပ်ကို အညီအမျှ လှီးဖြတ်ထားလိုက်ပါ။
ဒါဆိုရင်တော့ အရသာရှိတဲ့ ဂျပန်စတိုင်လ် ကြက်ဥလိပ်လေး ရရှိသွားပါပြီ။
Source: Asianfoodchannel.com
(Zawgyi)
အားလံုးပဲ မဂၤလာပါ။ ၾကက္ဥေၾကာ္ခ်ည္းပဲ ေၾကာ္စားရတာ ၿငီးေငြ႔ေနၿပီဆိုသူမ်ားအတြက္ ဒီတစ္မွာေတာ့ ခ်က္ျပဳတ္နည္း အသစ္အဆန္းေလးကို ေဝမွ်ေပးခ်င္ပါတယ္။ ဂ်ပန္စတိုင္လ္ ၾကက္ဥလိပ္ျပဳလုပ္နည္းပဲျဖစ္ပါတယ္။
ပါဝင္ပစၥည္းမ်ား
- ၾကက္ဥ ၁၂ လံုး
- ခရင္မ္ႏြားႏို႔ စားပြဲတင္ဇြန္း ၂ ဇြန္း
- ပဲငံျပာရည္အၾကည္ ၄၀ မီလီလီတာ
- သၾကား ၄၀ ဂရမ္
- ေရ ၄၀ မီလီလီတာ
- ဆားအနည္းငယ္
- ဟင္းသီးဟင္းရြက္ဆီ စားပြဲတင္ဇြန္း ၄ ဇြန္း
ျပဳလုပ္နည္း အဆင့္ဆင့္
၁။ ပန္းကန္လံုးတစ္လံုးထဲမွာ ခရင္မ္ႏြားႏို႔ စားပြဲတင္ဇြန္း ၂ ဇြန္း၊ ပဲငံျပာရည္အၾကည္၊ သၾကားႏွင့္ ေရ ၄၀ မီလီလီတာတို႔ကို သမေအာင္ ေရာေမႊေပးလိုက္ပါ။ ထို႔ေနာက္ ၾကက္ဥ ၁၂ လံုးကို ေဖာက္ထည့္ၿပီး ခပ္ျပင္းျပင္းေလး ေမႊခေလာက္ေပးလိုက္ပါ။
၂။ ဒယ္အိုးကို အပူေပးၿပီး ဟင္းသီးဟင္းရြက္ဆီ စားပြဲတင္ဇြန္း ၂ ဇြန္းထည့္လိုက္ပါ။ ဆီပူလာပါက ၾကက္ဥမ်ား ထည့္ေၾကာ္ေပးလိုက္ပါ။
ၾကက္ဥမက်က္တက်က္အခ်ိန္မွာ ၾကက္ဥအစြန္းတစ္ဖက္မွေနၿပီး တစ္လိပ္ခ်င္းစီ ျဖည္းျဖည္းခ်င္းလိပ္ေပးလိုက္ပါ။
၃။ သံုးလိပ္၊ ေလးလိပ္ခန္႔ လိပ္ၿပီးသြားတဲ့အခါမွာေတာ့ မီးဖိုေပၚမွာ ၁ မိနစ္ခန္႔ ထပ္ေၾကာ္ေပးရပါမယ္။
ရရွိလာတဲ့ ၾကက္ဥလိပ္ကို အညီအမွ် လွီးျဖတ္ထားလိုက္ပါ။
ဒါဆိုရင္ေတာ့ အရသာရွိတဲ့ ဂ်ပန္စတိုင္လ္ ၾကက္ဥလိပ္ေလး ရရွိသြားပါၿပီ။
Source: Asianfoodchannel.com