အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာ ဝေမျှပေးချင်တဲ့ ဟင်းလျာလေးကတော့ ဂျပန်စတိုင်လ် ချက်နည်းနဲ့ ချက်ပြုတ်ထားတဲ့ အမဲသားလွှာ အာလူးဟင်းပဲဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

  • အာလူး ၂ လုံး
  • ကြက်သွန်နီ တစ်ခြမ်း
  • မုန်လာဥနီ တစ်လုံးရဲ့ ၃ ပုံ ၁ ပုံ
  • ပဲသီး (သို့) ပဲတောင့်ရှည် ၃ တောင့်
  • အမဲသားလွှာ ၁၀၀ ဂရမ်

  • ပဲငံပြာရည် စားပွဲတင်ဇွန်း ၂ ဇွန်း
  • သကြား စားပွဲတင်ဇွန်း ၁ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ အာလူးများကို အခွံခွာပြီး ရေဆေးပါ။ ထို့နောက် ခပ်ကြီးကြီး တုံးထားပါ။ ကြက်သွန်နီများကို ပါးပါးလှီးထားပါ။ မုန်လာဥနီကို အတုံးသေးသေး တုံးထားပါ။ ပဲသီးကို ၂ လက်မအရှည်ခန့် လှီးဖြတ်ထားပါ။

၂။ ထို့နောက် အိုးတစ်လုံးထဲသို့ အာလူး၊ ကြက်သွန်နီနှင့် မုန်လာဥနီတို့ထည့်ပါ။ ထို့နောက် အမဲသားလွှာကို အပေါ်ကနေ အုပ်ပေးလိုက်ပါ။

၃။ ထို့နောက် ရေအနည်းငယ်ကို ထိုပါဝင်ပစ္စည်းများအားလုံး မြှုပ်သွားသည်အထိ ထည့်ပါ။

၄။ ပဲငံပြာရည် စားပွဲတင်ဇွန်း ၂ ဇွန်း၊ သကြား စားပွဲတင်ဇွန်း ၁ ဇွန်းထည့်ကာ သမအောင် မွှေပြီးနောက် မီးပြင်းပြင်းဖြင့် ဆူပွက်လာသည်အထိ တည်ပါ။

ပွက်ပွက်ဆူလာသည်နှင့်အမျှ အမြှုပ်အဖတ်လေးများ အပေါ်သို့ ဝေ့တက်လာတာကို မြင်တွေ့ရပါလိမ့်မယ်။ ထိုအဖတ်များကို ခပ်ထုတ်ပါ။ ထို့နောက် ဟင်းရည်များ ခမ်းသွားသည်အထိ တည်ပေးရပါမယ်။

၅။ မီးဖိုပေါ်ကချခါနီးကျမှ ပဲသီးများထည့်ကာ သမအောင် မွှေပေးပါ။

ထို့နောက် မီးဖိုပေါ်ကချလိုက်လို့ရပါပြီ။

ဒါဆိုရင်တော့ အရသာရှိတဲ့ ဂျပန်စတိုင်လ် အမဲသားလွှာ အာလူးဟင်းလေး ရရှိသွားပါပြီ။

Source: Futuredish.com