အားလုံးပဲမင်္ဂလာပါနော်။ ဒီတခါမှာတော့ ဝက်သား (၃) ထပ်သားကို ပါးပါးလှီးပြီး ဂျင်းလေးနဲ့ အရသာရှိရှိ ဘယ်လိုချက်စားရမလဲဆိုတာ မျှဝေပေးချင်ပါတယ်။

ပါဝင်ပစ္စည်း

  • ဝက်သား ၃ ထပ်သား ၃၀၀ ဂရမ်
  • ဂျင်း ၂၀ ဂရမ်
  • ဂျပန်ဆန်အရက် (ဆာကေး) ၄၀ မီလီလီတာ
  • ဆန်ဝိုင် အနည်းငယ်
  • သကြား ၂၀ ဂရမ်

  • ပဲငံပြာရည် ၄၀ ဂရမ်
  • နှမ်းအနည်းငယ်
  • ဆီ အနည်းငယ်
  • ဂေါ်ဖီထုပ်အနည်းငယ်
  • ခရမ်းချဉ်သီး ၄ လုံး

ပြုလုပ်နည်း

ဝက်သားကို ပါးပါးလှီးလိုက်ပါ။ ပြီးရင် ၁၂ နာရီလောက် အေးထားလိုက်ပြီး တစ်မိနစ်လောက် Microwave နဲ့ အပူပေးလိုက်ပါ။

ဂျင်းကိုလည်း အခွံနွှာပြီး ခြစ်ပေးလိုက်ပါ။

ဂျပန်ဆန်အရက် (ဆာကေး) ၊ ဆန်ဝိုင်၊ သကြားနဲ့ ပဲငံပြာရည်တို့ကို ထည့်လိုက်ပြီး မွှေပေးလိုက်ပါ။

ဝက်သားကိုထည့်ပြီးနယ်ပေးလိုက်ပါ။

ပြီးရင်တော့ အသားကိုဆယ်ပေးလိုက်ပြီး ထားထားပါ။

နှမ်းကိုအရင်လှော်ပေးလိုက်ပါ။

ပြီးရင်တော့ အိုးအသစ်တစ်ခုထဲမှာ ဝက်သားကိုထည့်လိုက်ပြီး ကြော်ပေးလိုက်ပါ။ အသားလေးက ကွေးလာပြီး နူးလာရင် ဖယ်ထားလိုက်ပါ။

နောက်ထပ် အိုးထဲမှာ ကျန်နေတဲ့ ဂျင်းအရည်ကို အပူပေးလိုက်ပြီး ဝက်သားနဲ့ နှမ်းထပ်ရောကာ ကြော်ပေးလိုက်ပါ။

ဂေါ်ဖီထုပ်နဲ့ ခရမ်းချဉ်သီးကိုလည်း ရေဆေးပြီး ပါးပါးလှီးထားပါ။

ပြီးရင်တော့ ဂေါ်ဖီ၊ ခရမ်းချဉ်သီးတို့နဲ့ တွဲဖက်သုံးဆောင်နိုင်ပါတယ်နော်။

Source: www.yumofchina.com

By: MyFood Myanmar