Pancake ဆိုရင် လုပ်ရတာလွယ်တော့ တော်တော်များများလည်း အိမ်မှာလုပ်စားကြပါတယ်။ ဒါပေမယ့် Souffle Pancake ကိုတော့ သိပ်ပြီး လုပ်စားလေ့မရှိကြပါဘူး။ သူက နူးနူးညံ့ညံ့လေးဆိုတော့ လူကြီးလူငယ်မရွေး စားလို့ကောင်းပါတယ်။ လုပ်ရတာလည်း မခက်ပါဘူး။ ဒါကြောင့် အရမ်းစားလို့ကောင်းတဲ့ ဂျပန် Souffle Pancake လုပ်နည်းလေးကို မျှဝေပေးလိုက်ပါတယ်။

ပန်းကန်လုံးထဲကို ကြက်ဥတစ်လုံးဖောက်ထည့်ပြီး အနှစ်ကို သပ်သပ်ပန်းကန်တစ်လုံးနဲ့ ထည့်ပါ။

အနှစ်ထည့်ထားတဲ့ပန်းကန်ထဲကိုမှ ကိတ်ဂျုံ – စားပွဲတင်ဇွန်း ၂ ဇွန်း၊ နွားနို့ – စားပွဲတင်ဇွန်း ၁ ဇွန်း၊ ဟင်းသီးဟင်းရွက်ဆီ (Vegetable Oil) – လက်ဖက်ရည်ဇွန်း ၁ ဇွန်းနဲ့ Vanilla extract – ၂ စက် (သို့) ၃ စက် လောက်ထည့်ပြီး မွှေပေးပါ။

ခုနက အနှစ်ပဲယူထားတာဆိုတော့ အကာထည့်ထားတဲ့ ပန်းကန်ကိုယူပြီး မွှေစက်နဲ့ မွှေပေးပါ။ ပြီးရင် သကြား – စားပွဲတင်ဇွန်း ၁ ဇွန်းမောက်မောက်လေးယူပြီး ထည့်ပါ။ ပြီးတာနဲ့ ထပ်မွှေပါ။

သေချာမွှေပြီးရင် ပထမမွှေထားတဲ့ အနှစ်နဲ့ရောပြီး နယ်လိုက်ပါ။

ဒယ်အိုးကို မီးဖိုပေါ်တင်ပြီး ဟင်းသီးဟင်းရွက်ဆီ (Vegetable Oil) နည်းနည်းလေးထည့်ပါ။ မီးကို အနိမ့်ဆုံးထားထားပါ။

ခုနကနယ်ထားတာတွေကို ဇွန်း (သို့) ရေခဲမုန့်ခပ်တဲ့ဇွန်းနဲ့ယူကာ ထည့်ကြော်ပေးရပါမယ်။ ၃ မိနစ်လောက် အဖုံးပိတ်ပြီး တည်ထားလိုက်ပါ။ အချိန်ပြည့်မှ အဖုံးဖွင့်ပြီး နောက်တစ်ဖက်လှန်ကာ ရေကို စားပွဲတင်ဇွန်း ၂ ဇွန်းလောက်ထည့်ပြီး ထပ်တည်ပါ။

ရပြီဆိုရင်တော့ ပန်းကန်ထဲထည့်ပြီး စားလို့ရပါပြီ။ ဒါဆိုရင်တော့ ဂျပန် Souffle Pancake လုပ်နည်းလေး ပြီးသွားပါပြီ။

Source: www.쏘얌 So Yum