အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာတော့ အချိုကြိုက်သူများအတွက် ဂျပန်စတိုင်လ် ပန်ကိတ်ပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ကြက်ဥအကာ ၄ လုံးနှင့် ကြက်ဥအနှစ် ၂ လုံး
  • သံပုယိုရည် လက်ဖက်ရည်ဇွန်း တစ်ဝက်
  • ဆား လက်ဖက်ရည်ဇွန်း တစ်ဝက်နှင့် သကြား စားပွဲတင်ဇွန်း ၆ ဇွန်း
  • Vanilla Extract လက်ဖက်ရည်ဇွန်း ၂ ဇွန်း
  • နွားနို့ ၆၂ မီလီလီတာ

  • ထောပတ် စားပွဲတင်ဇွန်း ၂ ဇွန်း
  • ကိတ်မုန့်ပြုလုပ်ရန်အတွက် ဂျုံမှုန့် စားပွဲတင်ဇွန်း ၆ ဇါန်း
  • မုန့်ဖုတ်ပေါင်ဒါ လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ပန်းကန်လုံးအကြီးတစ်လုံးထဲတွင် ကြက်ဥအကာ၊ သံပုယိုရည်နှင့် ဆားတို့ထည့်ပြီး မွှေစက်ဖြင့် သမအောင် မွှေခလောက်ပေးလိုက်ပါ။

သကြား စားပွဲတင်ဇွန်း ၅ ဇွန်းထည့်ပြီး အနှစ်များရအောင် ထပ်မွှေပေးလိုက်ပါ။

၂။ အခြားပန်းကန်လုံးတစ်လုံးထဲတွင် ကြက်ဥအနှစ်ထည့်ကာ Vanilla Extract နှင့် ကျန်ရှိနေသော သကြားထည့်ပြီး သမအောင် ထပ်မွှေပေးလိုက်ပါ။

နွားနို့နှင့် ထောပတ်တို့ထည့်ပြီး ထပ်မွှေပေးပါ။

ဂျုံမှုန့်နှင့် မုန့်ဖုတ်ပေါင်ဒါတို့ထည့်ကာ သမအောင် ထပ်မွှေပါ။

၃။ အဆင့် (၁) တုန်းက နယ်ထားသော ကြက်ဥအကာနှင့် အဆင့် (၂) က ပြုလုပ်ထားသော ကြက်ဥအနှစ်များကို သမအောင် ရောနှောလိုက်ပါ။

၄။ ဒယ်အိုးကို အပူပေးပြီး ဟင်းချက်စပရေးလေး ဖြန်းပေးလိုက်ပါ။ ထို့နောက် ပန်ကိတ်ပြုလုပ်ရန် စတီးလ်အဝိုင်းပုံစံခွက်ကို ဒယ်အိုးထဲထည့်ပါ။ ထို့နောက် မုန့်နှစ်များကို စတီးလ်ဝိုင်းထဲ ထည့်ထားကာ ဒယ်အိုးထဲသို့ ရေအနည်းငယ်ထည့်ပါ။ ဒယ်အိုးအဖုံးပိတ်ပြီး ၇ မိနစ်ခန့် တည်ထားလိုက်ပါ။

၅။ အချိန်ပြည့်ပါက ကိတ်မုန့်ကို တစ်ဖက်သို့ လှန်ကာ ၃ မိနစ်ခန့် ထပ်တည်ပေးရပါမယ်။

ဒါဆိုရင်တော့ ဂျပန်စတိုင်လ် ပန်ကိတ်လေး ရရှိသွားပါပြီ။ ပန်းကန်ပြားထဲထည့်ကာ သစ်သီးများဖြင့် အရသာရှိရှိသုံးဆောင်နိုင်ပါပြီ။

Source: Thespruceeats.com