အချိုကြိုက်တဲ့သူတွေအတွက် ကိုယ်တိုင် အရသာရှိရှိလေးလုပ်စားလို့ရအောင် နို့ပူတင်းလုပ်နည်းလေး မျှဝေပေးလိုက်ပါတယ်။ ကိုယ်ကအချိုမကြိုက်လည်း တခြားသူတွေအတွက် အချိုပွဲပြင်တဲ့အခါမျိုးမှာ ထည့်သုံးလို့ရတာပေါ့။

စတင်ပြုလုပ်ဖို့ ပန်းကန်ထဲကို Gelatin (Agar Powder) – စားပွဲတင်ဇွန်း ၂ ဇွန်းထည့်ပြီး နွားနို့ – ၂၅၀ မီလီလီတာ ထည့်ပြီးမွှေပါမယ်။

မီးဖိုပေါ်ကို ဒယ်အိုးတင်ပြီး နွားနို့ – ၅၀၀ မီလီလီတာနဲ့ Heavy Cream – ၂၄၀ မီလီလီတာထည့်ပြီး သိပ်မပြင်းတဲ့ပူရှိန်နဲ့ တည်ထားပေးပါ။ တည်ထားတဲ့အချိန်မှာ မွှေပေးနေဖို့လိုပါတယ်။ ပွက်ပွက်ဆူတဲ့အထိ တည်ထားစရာမလိုပါဘူး။ နွေးလာပြီဆိုရင်ရပါပြီ။

တည်ထားတာနွေးလာပြီဆိုရင် ပထမဆုံးလုပ်ထားတဲ့ Gelatin နဲ့ နွားနို့နဲ့ ရောမွှေထားတာကို ထည့်ပြီး မွှေနေပေးပါ။ Gelatin တွေ ပျော်သွားတဲ့အထိ မွှေပေးပါ။

နို့ဆီ – ၁ ဗူးကို ဖောက်ထည့်ပါမယ်။ Vanilla Extract – လက်ဖက်ရည်ဇွန်း ၁ ဇွန်းစာ ထည့်ပါမယ်။ ပြီးတာနဲ့ မွှေပေးနေပါ။

ခဏနေရင်တော့ ဇွန်းနဲ့ခပ်ပြီး သံဗူးထဲပြောင်းထည့်ပါမယ်။ အေးသွားအောင် အပြင်မှာ ခဏထားပါမယ်။ အေးသွားပြီဆိုရင် ရေခဲသေတ္တာထဲမှာ အနည်းဆုံး ၆ နာရီကြာအောင် ထည့်ထားရပါမယ်။

ရေခဲသေတ္တာထဲကထုတ်တာနဲ့ ဘေးပတ်ပတ်လည်ကို ဓားနဲ့အရာပေးပြီး ပန်းကန်ပြားထဲ မှောက်ချလိုက်ပါ။

ပြီးရင်တော့ အပေါ်ကနေ ကိုယ်ကြိုက်နှစ်သက်ရာ Topping လေးဖြူးပြီး လှီးစားလို့ရပါပြီ။ ဒါဆိုရင်တော့ အရသာရှိတဲ့ နို့ပူတင်းကို ရရှိသွားပါပြီ။

Source: www. spicebangla