မိုးအေးအေးလေးရွာရင် ခေါက်ဆွဲ ချဉ်စပ်လေးစားချင်တတ်ပါတယ်။ မိုးအေးအေးလေးနဲ့ ရှူးရှဲ ချဉ်စပ်ခေါက်ဆွဲလေးချက်စားနိုင်အောင် လုပ်နည်းလေး ဝေမျှလိုက်တယ်နော်။
ပါဝင်ပစ္စည်းများ (၃ ယောက်စာ)
- ဖရုံသခွားသီး ၅၀ ဂရမ်
- တရုတ်မှို (Shitake Mushrooms) ၅၀ ဂရမ်
- (ရေဆေး၊ ပါးပါးလှီးထားပါ)
- ဂေါ်ဖီ ၁၂၀ ဂရမ်
- ကြက်သွန်နီ ၃၅ ဂရမ်
Source: nabo-rajec.cz
- ယောက်သွား ၆ ခု
- ဂုံး၊ ပုစွန် (၆ ကောင်စီ)
- ပြည်ကြီးငါး ၆ ကောင်
- ကိုရီးယား ခေါက်ဆွဲ ၄၅၀ ဂရမ်
- မုန်ညှင်းစိမ်း ၂၀ ဂရမ်
ငရုတ်သီးဆော့လုပ်ရန်
- ဟင်းချက်ဆီ စားပွဲတင်ဇွန်း ၃ ဇွန်း
- ကိုရီးယား ငရုတ်သီးအနှစ် စားပွဲတင်ဇွန်း ၃ ဇွန်း
- ကြက်သွန်ဖြူ လက်ဖက်ရည်ဇွန်း ၁ ဇွန်း
- ဂျင်း လက်ဖက်ရည်ဇွန်း ၁ ဇွန်း
- ကြက်သွန်မြိတ် ၂၀ ဂရမ်
ဟင်းရည်မှာထည့်ရန်
- ဆန်အရက် စားပွဲတင်ဇွန်း ၁ ဇွန်း
- ပဲငံပြာရည် စားပွဲတင်ဇွန်း ၂ ဇွန်း
- ရေ ၅ ခွက်စာ
- ဆား
- ငရုတ်ကောင်း အမည်း
ပြုလုပ်နည်း
အိုးကို မီးဖိုပေါ်တင်ပြီး အပူပေးလိုက်ပါ။ ပူလာရင် ဆီထည့်ပါ။ ကိုရီးယား ငရုတ်သီးအနှစ်၊ ကြက်သွန်ဖြူ။ ဂျင်း၊ ကြက်သွန်မြိတ် တို့ကိုထည့်ပြိး ၁ မိနစ်၊ ၂ မိနစ်လောက် ကြော်လိုက်ပါ။
ငရုတ်သီးတွေကို မတူးအောင် သတိထားပါ။ တူးသွားရင် ခါးသွားပါလိမ့်မယ်။
မီးကို အလယ်အလတ်ထားပြီး ဖရုံသခွားသီး၊ မှို၊ ဂေါ်ဖီ၊ ကြက်သွန်နီတို့ကို ထည့်ပါ။ ယောက်သွား၊ ဂုံး၊ ပုစွန်၊ ပြင်ကြီးငါးတို့ကို ထည့်ပြီး လှော်ပါ။
ဆန်အရက်၊ ပဲငံပြာရည်၊ ရေတို့ကိုထည့်ပါ။ မီးကို အလယ်အလတ်မှာထားပါ။ အိုးထဲမှာထည့်ထားတဲ့ ပစ္စည်းတွေကို မြှုပ်အောင်ရေကို ထည့်ပြီး ၈ မိနစ်လောက်တည်ထားပါ။အိုးကို အဖုံးနဲ့ အုပ်ထားပါ။
ဆား၊ ငရုတ်ကောင်းထည့်ပါ။ ပြီးရင် မုန်ညှင်းရွက်ထည့်ပါ။
ဟင်းရည်တည်ထားနေတဲ့အချိန်မှာလည်း ခေါက်ဆွဲကို ရေနွေးအိုးထဲထည့်ပြီးပြုတ်ထားပါ။ ခေါက်ဆွဲနူးလာရင်တော့ ခေါက်ဆွဲကိုဆယ်ယူပြီး ရေအေးထဲထည့်ထားပါ။
ချက်ချင်းမစားသေးဘူးဆိုရင် ပင်လယ်စာ၊ ခေါက်ဆွဲ နဲ့ ဟင်းရည်ကို ပန်းကန် ၃ လုံးနဲ့ ထည့်ထားပါ။ ချက်ချင်းစားမယ်ဆိုရင် အားလုံကို တစ်ခါတည်းရောစားလိုက်လို့ရပါတယ်။
Photo Credit: MyKorea Kitchen