ပင်ပင်ပန်းပန်း ချက်ပြုတ်စရာမလိုဘဲ ပါဝင်ပစ္စည်းလေးတွေကို သမအောင် ရောနယ်ပြီး Oven ထဲထည့်ထားလိုက်ရုံနဲ့ အရသာရှိတဲ့ ကြက်ပေါင်ကင် ပြုလုပ်နည်းလေးကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ကြက်ပေါင်တုံး ၃ ပေါင်
  • စပါးလင် ၂ ပင်
  • ကြက်သွန်ဖြူ ၂ မြွှာ (ပါးပါးလှီးထားပါ)
  • ဂျင်း ၂ ပြား (ပါးပါးလှီးထားပါ)
  • ခရုဆီ လက်ဖက်ရည်ဇွန်း ၂ ဇွန်း

  • ငါးငံပြာရည် လက်ဖက်ရည်ဇွန်း ၂ ဇွန်း
  • ပဲငံပြာရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • သကြား လက်ဖက်ရည်ဇွန်း ၂ ဇွန်း
  • ဟင်းချက်ဆီနှင့် ဟင်းချက်ဝိုင်း လက်ဖက်ရည်ဇွန်း ၂ ဇွန်းစီ
  • ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ကြက်သားမှလွဲ၍ ကျန်ရှိနေသော ပါဝင်ပစ္စည်းများ အားလုံးကို ပန်းကန်လုံးအသေးထဲထည့်ပြီး သမအောင် ရောမွှေလိုက်ပါ။ လင်ဗန်းအကြီးတစ်လုံးထဲတွင် ကြက်သားတုံးများထည့်ကာ စောစောက စပ်ထားသော အချဉ်များကို ကြက်သားပေါ် လောင်းချလိုက်ပါ။ အချဉ်များ အသားထဲသို့ စိမ့်ဝင်သွားဖို့ရန်အတွက် ကြက်သားကို ရေခဲသေတ္တာထဲတွင် အနည်းဆုံး ၄ နာရီ၊ အများဆုံး တစ်ညခန့် ထည့်ထားလိုက်ပါ။

၂။ အချိန်ပြည့်ပါက ကြက်သားကို ရေခဲသေတ္တာထဲက ထုတ်ပြီး အခန်းအပူချိန်ဖြင့် မိနစ် ၃၀ ခန့် ထားထားလိုက်ပါ။

၃။ Oven ကို ၃၇၅ ဒီဂရီဖြင့် ကြိုတင်အပူပေးထားလိုက်ပါ။ ထို့နောက် ကြက်သားကို အကင်လင်ဗန်းပေါ် တင်လိုက်ပြီး Oven ထဲ မိနစ် ၂၀ ခန့် ထည့်ကင်လိုက်ပါ။

၄။ မိနစ် ၂၀ ပြည့်ပါက ကြက်သားတုံးများကို တစ်ဖက်လှန်လိုက်ပြီး နောက်ထပ် မိနစ် ၂၀ ထပ်ကင်ပေးရပါမယ်။

နောက်ဆုံးမှာတော့ ကြက်သားကင်က ရွှေညိုရောင်ပြောင်းသွားပြီး ကြွပ်ကြွပ်ရွရွလေး ဖြစ်သွားပါလိမ့်မယ်။ ဒါဆိုရင်တော့ ရရှိလာတဲ့ကြက်သားကင်ကို မိမိနှစ်သက်တဲ့ ပုံစံအမျိုးမျိုးဖြင့် အရသာရှိရှိစားသုံးနိုင်ပြီပဲဖြစ်ပါတယ်။

Source: juicyappetite.com