အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာ ဝေမျှပေးချင်တဲ့ ဟင်းလျာလေးကတော့ အရည်ရွှမ်းပြီး နူးနူးအိအိနဲ့ အရသာရှိတဲ့ ကြက်ရင်အုံဟင်းလျာ ပြင်ဆင်ပြုလုပ်နည်းပဲဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ဟင်းသီးဟင်းရွက်ဆီ စားပွဲတင်ဇွန်း ၃ ဇွန်း
  • ကြက်ရင်အုံသား ၄ တုံး
  • ဆားနှင့် ငရုတ်ကောင်းမှုန့် အနည်းငယ်
  • ကြက်သွန်ဖြူမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်
  • ကြက်သွန်နီမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်

  • ထောပတ် စားပွဲတင်ဇွန်း ၂ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ဒယ်အိုးကို အပူပေးပြီး ဟင်းသီးဟင်းရွက်ဆီ စားပွဲတင်ဇွန်း ၁ ဇွန်းထည့်ပါ။

၂။ ကြက်ရင်အုံသားများကို ရေဆေးပြီးနောက် ခြောက်အောင် သုတ်ထားလိုက်ပါ။

၃။ ထို့နောက် ကြက်ရင်အုံပေါ်သို့ ဆီအနည်းငယ် သုတ်လိမ်းလိုက်ပါ။

၄။ ပန်းကန်လုံးအသေးတစ်လုံးထဲတွင် ဆား၊ ငရုတ်ကောင်းမှုန့်၊ ကြက်သွန်ဖြူမှုန့်၊ ကြက်သွန်နီမှုန့်တို့ကို သမအောင် ရောမွှေထားပါ။ ထို့နောက် ကြက်သားကို ထိုအရောအနှောဖြင့် သမအောင် နယ်လိုက်ပါ။

၅။ ထိုကြက်သားတုံးကို ဆီပူထဲသို့ ၅ မိနစ်မှ ၇ မိနစ်ခန့် ထည့်ကြော်ပါ။ ထို့နောက် အခြားတစ်ဖက်သို့လှန်ပါ။ ဒယ်အိုးထဲသို့ ထောပတ် စားပွဲတင်ဇွန်း ၁ ဇွန်းထည့်ပြီး ဒယ်အိုးအနှံ့ ထောပတ်များ ပျံ့သွားဖို့ရန်အတွက် ဒယ်အိုးကို စောင်းပေးရပါမယ်။ ထို့နောက် နောက်ထပ် ၇ မိနစ်ခန့် ထပ်ကြော်ပေးလိုက်ပါ။

ကြက်သားက ရွှေညိုရောင် သမ်းသွားပြီဆိုရင်တော့ ပန်းကန်ပြားထဲ ပြောင်းထည့်ထားလိုက်ပါ။

အေးသွားပြီဆိုမှ စဉ်းနီတုံးပေါ် တင်ပြီး အနေတော်အရွယ်အစား လှီးဖြတ်ပေးလိုက်ပါ။

ဒါဆိုရင်တော့ အရည်ရွှမ်းပြီး အရသာရှိတဲ့ ကြက်ရင်အုံဟင်းလျာလေး ရရှိသွားပါပြီ။

Source: Diethood.com