ထမင်းမိန်မိန် စားကောင်းမယ့် အသုပ်လေး တစ်မျိုးနဲ့ မိတ်ဆက်ပေးပါရစေ….
ပါဝင်ပစ္စည်းများ
- တောရှောက်သီး တစ်ခြမ်း (ရှောက်သီး အမွှာ ခွာပြီး အသားများ ဖယ်ထုပ်ထားပါ)
- ပဲပုတ်စေ့ ၃ ဇွန်း စားပွဲဇွန်း
- ဂေါ်ဖီ ၂ ရွက် (ပါးပါးလှီးထားပါ)
- ပြုတ်ထားသောကြက်သားရင်ဖုန် ၁ ခြမ်း (အမျင်လေးတွေ နွင်ထားပါ)
- ငရုတ်သီးစိမ်း ၅ တောင့် (အစေ့ထုပ်ပြီး အနေတော် လှီးထားပါ)
- ကာနိုလာဆီ ၂ ဇွန်း ခွဲ စားပွဲဇွန်း
- ဆား လိုသလောက်
- ပဲအကျက်မှုန့် ၁ ဇွန်း ခွဲ လက်ဖက်ဇွန်း
- နံနံပင် ၃ ပင် (အရွက်ပဲ ချွေယူထားပါ)
ပြုလုပ်နည်း
- ဒယ်အိုး ထဲ ဆီ ထည့်ပြီး ပဲပုတ်စေ့များ ကို မီးမျင်မျင် လေးဖြင့် အိုးကင်းပူတိုက်ပါ။ ပဲပုတ်စေ့ များ ရနံ့ မွှေးလာလျင်ရပါပြီး။ အရမ်းအကြာကြီး မတည်ပါနဲ့ ပဲပုတ်စေ့များ မာပြီး တူးသွားလျင် ခါးပြီး အသုပ် အရသာပျက်သွားပါလိမ့်မယ်။ ပြီးလျင် အအေးခံထားပါ။
- ဖန်ဇလုံ အကြီးထဲ ပါဝင်ပစ္စည်းများ အားလုံး ထည့်ပြီး ဆီဖြင့်လှော်ထားသော ပဲပုတ် ကို လိုသလောက်လောင်းထည့်ပြီး လက်ဖြင့် အသေအချော နှံ့အောင် နယ်ပါ။ ဆားမြည်းပါ လိုတာထပ်ဖြည့်နိုင်ပါသည်။ ချက်ချင်း သုံးဆောင်ပါ။