ပါဝင်ပစ္စည်းများ
- ကိုက်လန် – ၁စည်း
- ဂျင်း – အနည်းငယ်(သေးသေးအမျှင်လှီးထားပါ)
- ကြက်သွန်ဖြူ – ၅ မွှာ (နုတ်နုတ်စဉ်းထားပါ)
- ခရုဆီ -၂ ဟင်းစားဇွန်း
- ပဲငံပြာရည် အကြည် – ၁ ဟင်းစားဇွန်း
- ဆား -အနည်းငယ်
- ဆီ – အနည်းငယ်
- နှမ်းဆီမွှေး – အနည်းငယ်
- ရေ – အနည်းငယ်
ပြင်ဆင်ပြုလုပ်နည်း
- ကိုက်လန်များကို အရွက်ကြမ်း၊ အရိုးရင့်များ ဖယ်ထုပ်ပြီး ဆားအနည်းငယ်ဖြင့် ရေစိမ်ပြီး ရေစစ် ထားပါ။
- ရေနွေးဆူဆူမှာ ဆားအနည်းငယ်ထည့် ကိုက်လန်အရွက်လေးနှင့် အရိုးများကို သပ်သပ်စီ ခဏပြုတ်ကာ ရေအေးအေးမှာ စိမ်ထားပြီး ရေစစ်ထားပါ။
- ဒယ်ထဲ ဆီအနည်းငယ်ထည့် ဂျင်း၊ ကြက်သွန်ဖြူလေးများ မွှေးလာအောင် ကြော်ပြီး တစ်ဝက်ကို ဆီစစ်ပြီး ဆယ်ယူထားပါ။ ကျန်တစ်ဝက်ထဲသို့ ခရုဆီ၊ ပဲငံပြာရည်၊ နှမ်းဆီမွှေး အနည်းငယ်ထည့်၊ ရေအနည်းငယ်ထည့် ပြီးလျှင် ကိုက်လန်လေးများထည့် တစ်ချက် နှစ်ချက် မွှေပေးပြီးလျှင် ရပါပြီ။
- ဆယ်ယူထားသောဂျင်း၊ ကြက်သွန်ဖြူလေးများ အပေါ်မှဖြူးပြီး ပူပူနွေးနွေး အရိုးလေးများ ကြွပ်ကြွပ်နှင့် အရသာ ရှိလှပါတယ်။
- ရေစစ်ထားသော ကိုက်လန်ရွက်လေးများကို ပန်းကန်ထဲ ထည့်ကာ ဆီသက်ထားသည်များ လောင်း ထည့်၍လည်း စားသုံးနိုင်ပါတယ်။
Credit: Soe’s Cooking Collection