အားလုံးပဲ မင်္ဂလာပါ။ ဂျပန်အစားအစာကို နှစ်သက်သူများအတွက် ဒီတစ်ခါမှာတော့ ကြက်ဥကြော်နဲ့ ဝက်သားပြားကြော်ကို ဂျပန်စတိုင်လ် ဘယ်လိုကြော်စားနိုင်သလဲဆိုတာကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ဝက်သားပြား ၂ ပြား
  • ဆားနှင့် ငရုတ်ကောင်းမှုန့်
  • ဂျုံမှုန့်အနည်းငယ်
  • ကြက်ဥ ၃ လုံး
  • ပေါင်မုန့်အကြေအစ ၁၂၈ ဂရမ်

  • ဆီ
  • ကြက်ပြုတ်ရည် ၁၂၅ မီလီလီတာ
  • သကြား လက်ဖက်ရည်ဇွန်း ၂ ဇွန်း
  • ပဲငံပြာရည် စားပွဲတင်ဇွန်း ၁ ဇွန်း
  • ကြက်သွန်နီ ၁ ဥ (ပါးပါးလှီးထားပါ)နှင့် ကြက်သွန်မြိတ် ၁ ပင် (ပါးပါးလှီးထားပါ)

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ဝက်သားပြားကို ဆား၊ ငရုတ်ကောင်းမှုန့်တို့ဖြင့် သမအောင် နယ်ထားပြီးနောက် ဂျုံမှုန့်အနည်းငယ် ဖြူးထည့်ထားလိုက်ပါ။

ကြက်ဥတစ်လုံးကို မွှေခလောက်ထားပါ။

၂။ ဒယ်အိုးကို အပူပေးပြီး ဆီအနည်းငယ်ထည့်ပါ။ ဆီပူလာပါက ပေါင်မုန့်အကြေအစများ ထည့်ကာ မွှေကြော်ပေးလိုက်ပါ။ ထိုအချိန်တွင် ဝက်သားပြားကို ကြက်ဥထဲ ထည့်နှစ်လိုက်ပါ။ ထို့နောက် ချက်ချင်းဆိုသလိုပဲ ဒယ်အိုးထဲထည့်ကာ ပေါင်မုန့်အကြေအစပေါ်တွင် တင်ပြီးနောက် ဇွန်းဖြင့် ဖိကပ်ကာ ကြော်ပေးလိုက်ပါ။

၃။ ၅ မိနစ်ခန့် ပြည့်သွားပါက ဝက်သားပြားကို အခြားတစ်ဖက်သို့လှန်ပြီး နောက်ထပ် ၅ မိနစ် ထပ်ကြော်ပေးရပါမယ်။ ရရှိလာတဲ့ ဝက်သားပြားကြော်ကို ပန်းကန်ပြားထဲသို့ ပြောင်းထည့်ထားပါ။

၄။ ပန်းကန်လုံးတစ်လုံးထဲသို့ ကြက်ပြုတ်ရည်၊ သကြား၊ ပဲငံပြာရည်တို့ထည့်ကာ သမအောင် မွှေထားပါ။ အခြားပန်းကန်လုံးတစ်လုံးထဲတွင် ကြက်ဥ ၂ လုံးကို မွှေခလောက်ထားပါ။

ဒယ်အိုးထဲသို့ ဆီ စားပွဲတင်ဇွန်း ၁ ဇွန်းထည့်ပြီးနောက် ဆီပူလာပါက ကြက်သွန်ထည့်ကြော်ပေးလိုက်ပါ။

၅။ ကြက်သွန်များ မပျော့သွားခင်မှာ စောစောက ကြက်ပြုတ်ရည်အရောအနှောများကို အိုးထဲသို့ လောင်းထည့်လိုက်ပါ။ စောစောက ဝက်သားကြော်ကို အနေတော်လှီးဖြတ်ပြီးနောက် ကြက်သွန်ပေါ် တင်ထားလိုက်ပါ။ ထို့နောက် ကြက်ဥများ လောင်းထည့်ကာ မီးအေးအေးဖြင့် ကြော်ပေးလိုက်ပါ။

၆။ ကြက်ဥ ကျက်သွားတဲ့အချိန်မှာတော့ အရသာရှိတဲ့ ဂျပန်စတိုင်လ် ကြက်ဥ ဝက်သားပြားကြော်ဟင်းလျာလေး ရရှိသွားပါပြီ။

ကြက်သွန်မြိတ်အနည်းငယ်ထည့်ကာ ထမင်းနဲ့ အရသာရှိရှိသုံးဆောင်နိုင်ပါပြီ။

Source: Thewoksoflife.com