အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာတော့ အရသာရှိတဲ့ပုစွန်ကြော်ဟင်းပွဲတစ်ခွက် ရရှိအောင်လို့ ခရမ်းချဉ်သီး Ketchup ဆော့စ်နဲ့ ဘယ်လိုကြော်ရမလဲဆိုတာကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ပုစွန် ၄၀၀ ဂရမ်
  • ဆီ စားပွဲတင်ဇွန်း ၁၆ ဇွန်း
  • ကြက်သွန်မြိတ် ၂ ပင် (ပါးပါးလှီးထားပါ)
  • ဟင်းချက်ဝိုင် စားပွဲတင်ဇွန်း ၁ ဇွန်း
  • ပဲငံပြာရည်အကြည် စားပွဲတင်ဇွန်း ၁ ဇွန်း

  • ကြက်ပြုတ်ရည် နွေးနွေးလေး (သို့) ရေနွေးနွေး စားပွဲတင်ဇွန်း ၈ ဇွန်း
  • သကြား လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ဆား အနည်းငယ်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ပုစွန်ကို သန့်ရှင်းစင်ကြယ်အောင် ရေဆေးထားပါ။ ပုစွန်ခေါင်းထဲရှိ အညစ်အကြေးများကိုလည်း ဖယ်ရှားထားပါ။

၂။ ဒယ်အိုးကို အပူပေးပြီး ဆီထည့်ပါ။ ဆီပူလာပါက ပုစွန်များထည့်ပြီး ၁၅ စက္ကန့်ခန့် မြန်မြန်ကြော်ပေးလိုက်ပါ။ ပုစွန်များ အနီရောင်ပြောင်းသွားပြီဆိုတာနဲ့ ပန်းကန်ပြားထဲသို့ ချက်ချင်း ဆယ်ယူလိုက်ပါ။

၃။ ဒယ်အိုးထဲရှိ ဆီများကို ခပ်ထုတ်လိုက်ပါ။ ဆီ စားပွဲတင်ဇွန်း ၁ ဇွန်းသာ ထားခဲ့ပါ။

၄။ ဒယ်အိုးထဲသို့ ကြက်သွန်ဖြူ၊ ဂျင်းနှင့် ကြက်သွန်မြိတ်တို့ထည့်ကာ အနံ့မွှေးလာသည်အထိ ဆီသတ်ပါ။ Ketchup နှင့် ကြက်ပြုတ်ရည်တို့ထည့်ပါ။ ထို့နောက် ပုစွန်၊ သကြား၊ ပဲငံပြာရည်နှင့် ဟင်းချက်ဝိုင်တို့ထည့်ကာ သမအောင် ကြော်ပေးလိုက်ပါ။

၅။ ဆော့စ်က ပျစ်သွားသည်အထိ ၂ မိနစ်၊ ၃ မိနစ်ခန့် မွှေကြော်ပေးလိုက်ပါ။ အရသာကောင်းမွန်ဖို့ရန်အတွက် ဆားအနည်းငယ်ထည့်ပါ။

ဒါဆိုရင်တော့ အရသာရှိတဲ့ Ketchup ပုစွန်ကြော်လေး ရရှိသွားပါပြီ။ ထမင်းနဲ့အတူတူ အရသာရှိရှိ သုံးဆောင်နိုင်ပါပြီ။

Source : Chinasichuanfood.com