အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာတော့ ပင်လယ်စာချစ်သူတွေ အကြိုက်တွေ့သွားစေမယ့် ပုစွန်ဟင်းစပ်စပ်လေးတစ်ခွက် ချက်ပြုတ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ပုစွန် ၁၂ အောင်စ
  • ဟင်းသီးဟင်းရွက်ဆီ စားပွဲတင်ဇွန်း ၂ ဇွန်း
  • ဂျင်း ၇ ပြား
  • ကြက်သွန်ဖြူ ၁ မြွှာ (ပါးပါးလှီးထားပါ)
  • ကြက်သွန်မြိတ် ၂ ပင် (ပါးပါးလှီးထားပါ)

  • Ketchup စားပွဲတင်ဇွန်း ၈ ဇွန်း
  • ငရုတ်ကောင်းမှုန့်နှင့် သကြားအနည်းငယ်
  • ဟင်းချက်ဝိုင် စားပွဲတင်ဇွန်း ၂ ဇွန်း
  • ပဲငံပြာရည် စားပွဲတင်ဇွန်း ၁ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ပုစွန်ကို ရေစင်အေင် ဆေးထားလိုက်ပါ။ (စာရေးသူချက်ပြုတ်စဉ်တုန်းကတော့ ပုစွန်ကို အခွံမခွာထားလိုက်ပါဘူး။ ဒါပေမဲ့ ပုစွန်ကို အခွံခွာထားပြီး အမြီးလေးပဲ ထားခဲ့မယ်ဆိုရင်တော့ ပိုအရသာရှိပါလိမ့်မယ်။)

၂။ ဒယ်အိုးကို အပူပေးပြီး ဆီ စားပွဲတင်ဇွန်း ၁ ဇွန်းထည့်ပါ။ ဆီပူလာပါက ပုစွန်ထည့်ကာ တစ်ဖက်စီကို စက္ကန့် ၂၀ ခန့် ကြော်ပေးလိုက်ပါ။ ပုစွန်က ၈၀ ရာခိုင်နှုန်းခန့် ကျက်သွားပါက မီးအပူချိန်ကို လျော့ချလိုက်ကာ ပန်းကန်ထဲ ပြောင်းထည့်လိုက်ပါ။

၃။ ဒယ်အိုးထဲသို့ ဆီ စားပွဲတင်ဇွန်း ၁ ဇွန်း ထပ်ထည့်ပါ။ ဆီပူလာပါက ဂျင်းပြား များထည့်ကာ ၁၅ စက္ကန့်ခန့် ဆီသတ်ပါ။ ကြက်သွန်ဖြူနှင့် ကြက်သွန်မြိတ်တို့ထည့်ပြီး မီးအပူချိန်ကို အနည်းငယ် မြှင့်ကာ ၁၀ စက္ကန့်ခန့် ဆီသတ်ပါ။

၄။ Ketchup ထည့်ကာ ၁၅ စက္ကန့်ခန့် မွှေပါ။ ထို့နောက် ပုစွန်ထည့်ပါ။ ငရုတ်ကောင်းမှုန့်၊ သကြားနှင့် ဟင်းချက်ဝိုင်တို့ထည့်ကာ သမအောင် ထပ်မွှေပေးလိုက်ပါ။

၅။ ၁၀ စက္ကန့်ခန့် မွှေပြီးပါက ပဲငံပြာရည် စားပွဲတင်ဇွန်း ၁ ဇွန်းထည့်ပါ။ ဆော့စ်များ ပျစ်သွားသည်အထိ ကြော်ပေးရပါမယ်။

ပုစွန်နဲ့ ဆော့စ်များ သေချာရောနှောသွားတဲ့အခါမှာတော့ မီးဖိုပေါ်ကချလိုက်လို့ရပါပြီ။ ဒါဆိုရင်တော့ အရသာရှိတဲ့ ပုစွန်ဟင်း စပ်စပ်လေး တစ်ခွက် ရရှိသွားပါပြီ။

Source: Thewoksoflife.com