အားလုံးပဲမဂ်လာပါနော်။ ပုဇွန်ကြိုက်တဲ့သူတွေအတွက် အရသာရှိပြီး ထမင်းစားမြိန်စေမယ့် ငရုတ်ဆီပုဇွန်ကြော်လေးပြုလုပ်နည်းကို မျှဝေပေးချင်ပါတယ်။

ပါဝင်ပစ္စည်း

  • အခွံပါတဲ့ပုဇွန် ၁၅ -၂၀ ကောင် (ရေသေချာသန့်စင်ထားပါ)
  • ဆီအနည်းငယ်
  • ဂျင်း ၇ ပြား
  • ကြက်သွန်ဖြူ ၁ မွှာ
  • ကြက်သွန်မြိတ် ၂ ပင်

  • ခရမ်းချဉ်သီးဆော့စ် အနည်းငယ်
  • ငရုတ်ကောင်းမှုန့်အနည်းငယ်
  • သကြားအနည်းငယ်
  • ဝိုင်နဲ့ ပဲငံပြာရည်အနည်းငယ်
  • ဆားအနည်းငယ်

ပြုလုပ်နည်း

အရင်ဆုံးပုဇွန်ကိုရေသေချာဆေးပြီးဆားနည်းနည်းနယ်ကာ ရေခဲသေတ္တာထဲ အေးခဲအောင်ထားထားပါ။ ပြီးရင်ဆော့တယ်ထုတ်လိုက်ပြီး ခြောက်အောင်ထားလိုက်ပါ။ အခွံနွှာချင်လည်းရပါတယ်။ အခွံကို အလွယ်တကူ နွှာလို့ရတဲ့အနေအထားရအောင်ထည့်ထားခိုင်းတာဖြစ်ပါတယ်။

အိုးကိုအပူပေးလိုက်ပြီးဆီထည့်လိုက်ပါ။ ပြီးရင်တော့ ပုဇွန်ထည့်ကြော်ပါ။

တစ်ဖက်ရပြီဆို ပုဇွန်ကိုလှန်ပေးလိုက်ပါ။

ပြီးရင်ဆယ်ထားလိုက်ပါ။

ဂျင်းပြားထည့်လိုက်ပြီး  ကြက်သွန်ဖြူထည့်ပါ။ ကြက်သွန်မြိတ်ထည့်ကြော်ပါ။

ပြီးရင်ဆော့ ခရမ်းချဉ်သီး ဆော့စ်ထည့်လိုက်ပါ။ ၁၅ စက္ကန့်လောက်မွှေပေးလိုက်ပါ။

ပုဇွန်ထည့်လိုက်ပါ။ ငရုတ်ကောင်းမှုန့် ဥကြားနဲ့ ဝိုင်နည်းနည်းထည့်ပါ။

ပဲငံပြာရည်ထည့်လိုက်ပြီး သေချာမွှေပေးလိုက်ပါ။ အဲဒီနောက် ကြက်သွန်မြိတ်ကိုထည့်လိုက်ပြီး မွှေပေးလိုက်ပါ။

ဒါဆိုရင်တော့ ထမင်းပူပူနဲ့ သုံးဆောင်လို့ရပါပြီနော်။

Source: thewokoflife.com