အားလုံးပဲမင်္ဂလာပါနော်။ ပုဇွန်ကို အချဉ်အရသာလေးနဲ့ ဂျင်း၊ကြက်သွန်မွှေးမွှေးလေးထည့်ပြီး ကြော်စားလို့ရအောင် မျှဝေပေးချင်ပါတယ်နော်။

ပါဝင်ပစ္စည်း

  • ပုဇွန် ၁၂ ကောင်ခန့်
  • ဆီ အနည်းငယ်
  • ဂျင်း ၇ ပြား
  • ကြက်သွန်ဖြူ ၁ မွှာ
  • ကြက်သွန်မြိတ် ၂ ပင် (၂ လက်မဆီလှီးပေးပါ)
  • ခရမ်းချဉ်သီးဆော့လ် ခွက် ၁/၄ ပုံ
  • ငရုတ်ကောင်းမှုန့်အနည်းငယ်
  • ဝိုင်အနည်းငယ်
  • ပဲငံပြာရည် စားပွဲတင်ဇွန်း ၁ ဇွန်း

ပြုလုပ်နည်း

ပုဇွန်ကို ရေနဲ့ ဆေးနဲ့စင်အောင် ဆေးလိုက်ပါ။ ပြီးရင်ရေဆစ်ထားလိုက်ပါ။ တကယ်လို့ အခွံနွှာချင်ရင်လည်း ပုဇွန်ကို အခွံနွှာလို့ရပါတယ်။

အဲဒီနောက် ဆီကိုအပူပေးလိုက်ပြီး ပုဇွန်ကို အရင်ကြော်လိုက်ပါ။

ပုဇွန်ကိုဖယ်ထားလိုက်ပြီး ဆီထပ်ထည့်ပါ။ ဂျင်းထည့်ကြော်လိုက်ပါ။ ကြက်သွန်ဖြူနဲ့ ကြက်သွန်မြိတ် အဖြူရောင်အပိုင်းကို ထည့်လိုက်ပါ။

အဲဒီနောက် မွှေးနေအောင်ကြော်ပေးလိုက်ပါ။

ပြီးရင်တော့ ခရမ်းချဉ်သီးဆော့လ်ထည့်လိုက်ပါ။ သေချာမွှေပေးလိုက်ပြီး ပုဇွန်ထည့်လိုက်ပါ။

အဲဒီနောက် ငရုတ်ကောင်းမှုန့်၊ သကြား၊ ဝိုင်ထည့်လိုက်ပါ။ ပဲငံပြာရည်ထည့်လိုက်ပါ။

အဲဒီနောက် ဆားလိုရင် ဆားထပ်ထည့်လိုက်ပြီး သုံးဆောင်လို့ရပါပြီနော်။

Source: www.thewoksoflife.com

By: MyFood Myanmar