ထောပတ်သီး ရေခဲချောင်း လေးလုပ်စားရအောင်။

ပါဝင်ပစ္စည်းများ

ထောပတ်သီး ၃ လုံး

သံပုရာ သီး ၂ လုံး အရည်

သကြား စားပွဲတင်ဇွန်း ၃ ဇွန်း

အုန်းနို့ လက်ဖက်ရည်ဇွန်း ၁၂ ဇွန်း

Coconut oil အုန်းသီးကနေ ထုတ်တဲ့ ဆီ စားပွဲတင်ဇွန်း ၁ ဇွန်း

Keto ချောကလပ် ခွက် တစ်ခွက်စာ

ပြုလုပ်နည်း

ဖျော်စက်ထဲကို ထောပတ်သီး၊ သံပုရာ၊ သကြားနဲ့ အုန်းနို့ထည့်ပြီး ပျော်သွားအောင် မွှေလိုက်ပါ။

ရေခဲချောင်းလုပ်တဲ့ မို (Popsicle Mold) ထဲလောင်းထည့်လိုက်ပါ။

၆ နာရီလောက် ရေခဲသေတ္တာအပေါ်ထပ်မှာထည့်ထားပါ။

ခွက်တစ်ခွက်ထဲကို ချောကလပ်တွေထည့်ပြီး၊ Coconut oil ထည့်ပြီး မိုက်ခရိုဝေ့ထဲမှ အရည်ပျော်အောင် အပူပေးပါ။

မွှေလိုက်ပြီး အခန်းအပူချိန်မှာ အအေးခံလိုက်ပါ။

ပြီးရင် ထောပတ်သီး ရေခဲချောင်းတွေကို ချောကလပ်ထဲနှစ်လိုက်ပြီး ရေခဲသေတ္တာထဲပြန်ထည့်ကာ အအေးခံပြီး စားလို့ရပါပြီ။

ထောပတ်သီး ရေခဲချောင်း