မနက်စာအဖြစ် ကော်ဖီပူပူ၊ လက်ဖက်ရည်ပူပူနွေးနွေးလေးနဲ့ အင်မတန်လိုက်ဖက်တဲ့ ဝက်သားကော်ပြန့်ကြော် ပြုလုပ်နည်းလေးကို MyFood Myanmar ရဲ့အစားအသောက်ချစ်သူများအတွက် ဝေမျှပေးလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ဝက်သား ဝ.၅ ပေါင် (နုပ်နုပ်စဉ်းထားပါ)
  • ဂေါ်ဖီထုပ် အနည်းငယ် (ပါးပါးလှီးထားပါ)
  • မုန်လာဥနီ ၁ လုံး (အချောင်းလိုက် ပါးပါးလှီးထားပါ)
  • နှမ်းဆီ စားပွဲတင်ဇွန်းတစ်ဝက်
  • ပဲငံပြာရည် စားပွဲတင်ဇွန်း ၁ ဇွန်း

  • ငရုတ်ကောင်းမှုန့် အနည်းငယ်
  • ရေ စားပွဲတင်ဇွန်း ၂ ဇွန်း
  • ကော်ပြန့်လိပ်ရန် ဖက်ရွက် ဂျုံပြား ၂၀ ချပ်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ဒယ်အိုးကို အပူပေးပြီးနောက် ဝက်သား၊ ဂေါ်ဖီနှင့် မုန်လာဥတို့ထည့်ကာ ကျက်ရုံကျက်သွားသည်အထိသာ မွှေကြော်ပါ။ ထို့နောက် ပဲငံပြာရည်၊ ငရုတ်ကောင်းမှုန့်နှင့် ရေတို့ထည့်ပါ။ အရသာအပေါ့အငန်မြည်းကြည့်ပြီးနောက် ပန်းကန်ပြားထဲသို့ ပြောင်းထည့်ပါ။

၂။ နောက်တစ်ဆင့်အနေနဲ့ ကော်ပြန့်လိပ်ရပါမယ်။ အရင်ဦးဆုံး ဂျုံပြားကို စိန်တုံးပုံသဏ္ဍာန်အနေအထား ရွေ့ထားပါ။ ဝက်သားအစာသွပ်များထည့်ကာ ပုံမှာပြထားသည်အထိ လိပ်ပေးလိုက်ပါ။

ထိုနည်းအတိုင်း ဝက်သားအစာသွပ်နှင့် ဂျုံပြားများ ကုန်သွားသည်အထိ လိပ်ပေးလိုက်ပါ။

၃။ ဒယ်အိုးကို အပူပေးပြီး ဆီထည့်ပါ။ ဆီပူလာပါက ကော်ပြန့်လိပ်များထည့်ကာ ရွှေညိုရောင် ပြောင်းသွားသည်အထိ တည်ထားလိုက်ပါ။

အားလုံးကြော်ပြီးသွားတဲ့အခါမှာတော့ အရသာရှိတဲ့ ဝက်သားကော်ပြန့်ကြော်များ ရရှိသွားပါပြီ။ မိမိနှစ်သက်ရာအချဉ်ရည်ဖြင့် အရသာရှိရှိ တို့စားနိုင်ပါတယ်။

Source: Kirbiecravings.com