ကိတ်မုန့်တွေ ချိစ်ကိတ်တွေ စားချင်နေပေမယ့် ဝိတ်တက်မှာ စိုးရိမ်နေကြသူများအတွက် အဆီအဆိမ့်ပါဝင်မှုနည်းပြီး ကာဘိုဟိုက်ဒြိုက်ဓာတ် အနည်းငယ်သာပါဝင်တဲ့အတွက်ကြောင့် ကျန်းမာရေးနဲ့လည်း ညီညွှတ်တဲ့ ချိစ်ကိတ်ပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။
ပါဝင်ပစ္စည်းများ
- ခရင်ချိစ် ၂ အောင်စ
- သကြား စားပွဲတင်ဇွန်း ၂ ဇွန်း
- ဗနီလာ လက်ဖက်ရည်ဇွန်း ၄ ပုံ ၁ ပုံ
- Heavy Cream စားပွဲတင်ဇွန်း ၂ ဇွန်း
- ကြက်ဥ ၁ လုံး
ပြုလုပ်နည်း အဆင့်ဆင့်
၁။ ခရင်မ်ချိစ်ကို မိုက်ခရိုဝေ့ဖ် အပူဒဏ်ခံနိုင်မယ့် ပန်းကန်လုံးထဲထည့်ပါ။ ဆီစုပ်စက္ကူအုပ်ကာ မိုက်ခရိုဝေ့ဖ်ထဲ ၁၅ စက္ကန့်ခန့် အပူပေးပါ။
၂။ ရရှိလာတဲ့ခရင်မ်ချိစ်ကို ခက်ရင်းဖြင့် မွှေခလောက်လိုက်ပါ။ ထို့နောက် သကြားနှင့် ဗနီလာတို့ထည့်ကာ အနှစ်ပျစ်ပျစ်လေးဖြစ်သွားသည်အထိ မွှေခလောက်လိုက်ပါ။
၃။ ထို့နောက် ကြက်ဥ ၁ လုံး ဖောက်ထည့်ပါ။ Heavy Cream ထည့်ပြီး သမအောင် ထပ်မွှေခလောက်ပါ။
၄။ ရရှိလာတဲ့အနှစ်ကို ကိတ်မုန့်ဖုတ်မယ့်ခွက်ငယ်လေးထဲ လောင်းထည့်ပြီးနောက် မိုက်ခရိုဝေ့ဖ်ထဲတွင် ၁ မိနစ်ခန့် ထည့်ကာ အပူပေးလိုက်ပါ။
ချိစ်ကိတ်ရဲ့မျက်နှာပြင်က ပူစီဖောင်းလေးလို ဖောင်းကြွလာပါက နောက်ထပ် စက္ကန့် ၃၀ အပူပေးပါ။ တစ်ခါ အပြင်ပြန်ထုတ် နောက်ထပ် စက္ကန့် ၃၀ အပူပြန်ပေးပါ။
၅။ ရရှိလာတဲ့ချိစ်ကိတ်ကို အပြင်ထုတ်ပြီး အအေးခံပါ။ ထို့နောက် ပန်းကန်ပြားထဲပြောင်းထည့်ပါ။ ပြီးရင်တော့ ရေခဲသေတ္တာထဲမှာ ၁ နာရီခန့်အပူပေးပါ။
သတ်မှတ်ချိန်ပြည့်တဲ့အခါမှာတော့ မိမိကြိုက်နှစ်သက်ရာသစ်သီးတစ်မျိုးမျိုးဖြင့် အလှဆင်နိုင်ပါတယ်။ ဒါဆိုရင်တော့ အရသာလည်းရှိ ကာဘိုဟိုက်ဒြိုက်ဓာတ်လည်း ပါဝင်မှုနည်းတဲ့အတွက်ကြောင့် ဝိတ်တက်လာမှာ စိုးရိမ်စရာမလိုတဲ့ ချိစ်ကိတ်လေး ရရှိသွားပါပြီ။
Source: Kirbiecravings.com