[Unicode]
အားလုံးပဲမင်္ဂလာပါနော်။ ဒီတခါမှာတော့ ကင်မ်ချီ ဖက်ထုပ်ပေါင်းပြုလုပ်နည်းကို မျှဝေပေးချင်ပါတယ်။
ပါဝင်ပစ္စည်း
- အသင့်လုပ် ဖက်ထုပ်ရွက် (အကြီး)
- ရေ အနည်းငယ်
- ကင်ချီ ၁ ခွက်
- တိုဖူး အနည်းငယ် (နုတ်နုတ်စင်းလိုက်ပါ)
- ပဲပင်ပေါက် အနည်းငယ် (ပြုတ်လိုက်ပြီး ခပ်ပါးပါးလှီးလိုက်ပါ)
- ဝက်သား (သို့) အမဲသား တောက်တောက်စဉ်း အနည်းငယ်
- ကြက်သွန်နီ တောက်တောက်စဉ်အနည်းငယ်
- ကြက်သွန်ဖြူ တောက်တောက်စဉ်းအနည်းငယ်
- ကြက်ဥ ၁ လုံး
- ဆားအနည်းငယ်
- နှမ်းဆီ အနည်းငယ်
- ငရုတ်ကောင်းမှုန့်အနည်းငယ်
- ဆီ
ပြုလုပ်နည်း
ဖက်ထုပ်၊ ဆီနဲ့ ရေ မှလွှဲပြီး ကျန်တဲ့ ပါဝင်ပစ္စည်းတွေကို အတူတကွ ထည့်ပြီး နယ်ပေးလိုက်ပါ။
အဲဒီနောက် ဖက်ထုပ်ရွက်ထဲမှာ ပါဝင်ပစ္စည်းတွေကိုထည့်ပေးလိုက်ပြီးအနားသတ်ကို ရေလေးနည်းနည်းစွပ်လိုက်ကာ ဖက်ထုပ်ကို အုပ်ပေးလိုက်ပါ။
ပြီးရင်တော့ Pan အိုးကိုအပူပေးလိုက်ပြီး ဆီနည်းနည်းထည့်လိုက်ပါ။ ပြီးရင်တော့ ဖက်ထုပ်ထည့်လိုက်ပြီး ဖက်ထုပ်အောက်နားမှာ နည်းနည်းလေးညိုလာပြီဆိုရင်တော့ ရေ ခွက် ၁/၄ ပုံ ထည့်လိုက်ကာ အဖုံးအုပ်ထားပေးလိုက်ပါ။
ရေလေး ခမ်းသွားရင် ရပါပြီ။
အဲဒီနောက် ဆော့စ်နဲ့ တို့ပြီး သုံးဆောင်နိုင်ပါပြီနော်။
Source: www.mykoreankitchen.com
By: MyFood Myanmar
[Zawgyi]
အားလံုးပဲမဂၤလာပါေနာ္။ ဒီတခါမွာေတာ့ ကင္မ္ခ်ီ ဖက္ထုပ္ေပါင္းျပဳလုပ္နည္းကို မွ်ေဝေပးခ်င္ပါတယ္။
ပါဝင္ပစၥည္း
- အသင့္လုပ္ ဖက္ထုပ္ရြက္ (အႀကီး)
- ေရ အနည္းငယ္
- ကင္ခ်ီ ၁ ခြက္
- တိုဖူး အနည္းငယ္ (ႏုတ္ႏုတ္စင္းလိုက္ပါ)
- ပဲပင္ေပါက္ အနည္းငယ္ (ျပဳတ္လိုက္ၿပီး ခပ္ပါးပါးလွီးလိုက္ပါ)
- ဝက္သား (သို႔) အမဲသား ေတာက္ေတာက္စဥ္း အနည္းငယ္
- ၾကက္သြန္နီ ေတာက္ေတာက္စဥ္အနည္းငယ္
- ၾကက္သြန္ျဖဴ ေတာက္ေတာက္စဥ္းအနည္းငယ္
- ၾကက္ဥ ၁ လံုး
- ဆားအနည္းငယ္
- ႏွမ္းဆီ အနည္းငယ္
- ငရုတ္ေကာင္းမႈန္႕အနည္းငယ္
- ဆီ
ျပဳလုပ္နည္း
ဖက္ထုပ္၊ ဆီနဲ႔ ေရ မွလႊဲၿပီး က်န္တဲ့ ပါဝင္ပစၥည္းေတြကို အတူတကြ ထည့္ၿပီး နယ္ေပးလိုက္ပါ။
အဲဒီေနာက္ ဖက္ထုပ္ရြက္ထဲမွာ ပါဝင္ပစၥည္းေတြကိုထည့္ေပးလိုက္ၿပီးအနားသတ္ကို ေရေလးနည္းနည္းစြပ္လိုက္ကာ ဖက္ထုပ္ကို အုပ္ေပးလိုက္ပါ။
ၿပီးရင္ေတာ့ Pan အိုးကိုအပူေပးလိုက္ၿပီး ဆီနည္းနည္းထည့္လိုက္ပါ။ ၿပီးရင္ေတာ့ ဖက္ထုပ္ထည့္လိုက္ၿပီး ဖက္ထုပ္ေအာက္နားမွာ နည္းနည္းေလးညိဳလာၿပီဆိုရင္ေတာ့ ေရ ခြက္ ၁/၄ ပံု ထည့္လိုက္ကာ အဖံုးအုပ္ထားေပးလိုက္ပါ။
ရေလး ခမ္းသြားရင္ ရပါၿပီ။
အဲဒီေနာက္ ေဆာ့စ္နဲ႔ တို႕ၿပီး သံုးေဆာင္ႏိုင္ပါၿပီေနာ္။
Source: www.mykoreankitchen.com
By: MyFood Myanmar