ရှူးရှူးရှဲရှဲ ချဉ်စပ်အစားအစာများကို ကြိုက်နှစ်သက်သူများအတွက် ဒီတစ်ခါမှာတော့ ကင်ချီ ကိုရီးယားထမင်းကြော် ပြင်ဆင်ချက်ပြုတ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ဟင်းသီးဟင်းရွက်ဆီ စားပွဲတင်ဇွန်း ၂ ဇွန်း
  • ကင်ချီ စားပွဲတင်ဇွန်း ၃၂ ဇွန်းနှင့် ကင်ချီအရည် စားပွဲတင်ဇွန်း ၃ ဇွန်း
  • ဝက်ပေါင်ခြောက် ၈ အောင်စ (တစ်လက်မပတ်လည်အတုံး တုံးထားပါ)
  • ထမင်း ပန်းကန်လုံး ၃ လုံးစာ
  • ငရုတ်သီးမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်းနှင့် ငရုတ်နှစ် စားပွဲတင်ဇွန်း ၁ ဇွန်း

  • နှမ်းဆီ စားပွဲတင်ဇွန်း ၁ ဇွန်းနှင့် နှမ်းစေ့ လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ကြက်သွန်မြိတ် ၂ ပင် (ပါးပါးလှီးထားပါ)
  • သကြား လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ကြက်ဥ ၄ လုံး (Half-Fred ကြော်ထားပါ)

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ဒယ်အိုးကို အပူချိန်ပြင်းပြင်း အပူပေးထားပြီးနောက် ဆီ စားပွဲတင်ဇွန်း ၁ ဇွန်းထည့်ပါ။ ဆီပူလာပါက ဝက်ပေါင်ခြောက်များထည့်ကာ အညိုရောင်ပြောင်းသွားသည်အထိ ၄ မိနစ်၊  မိနစ်ခန့် ကြော်ပေးလိုက်ပါ။

ကြော်ပြီးသား ဝက်ပေါင်ခြောက်များကို ပန်းကန်ထဲသို့ ပြောင်းထည့်ထားပါ။

၂။ ဒယ်အိုးထဲသို့ ကျန်ရှိနေသော ဆီများ လောင်းထည့်လိုက်ပါ။ ထို့နောက် ကင်ချီ၊ ငရုတ်နှစ်၊ ငရုတ်သီးမှုန့်တို့ထည့်ကာ ၃ မိနစ်၊ ၄ မိနစ်ခန့် မွှေကြော်လိုက်ပါ။

၃။ ထိ့ုနောက် ဒယ်အိုးထဲသို့ ထမင်းများထည့်ကာ ကင်ချီများနှင့် သမောအင် ရောကြော်ပါ။

၄။ ဝက်ပေါင်ခြောက်ကြော်များကို ဒယ်အိုးထဲ ပြန်ထည့်ပြီးနောက်မှာတော့ ကင်ချီအရည်နှင့် နှမ်းဆီတို့ပါ တစ်ပါတည်း လောင်းထည့်လိုက်ပါ။ သမအောင် ကြော်ပြီးနောက်မှာ အရသာအပေါ့အငန်မြည်းစမ်းကြည့်ပါ။ လိုအပ်ပါက သကြား လက်ဖက်ရည်ဇွန်း တစ်ဝက်မှ တစ်ဇွန်းအထိ ထပ်ထည့်နိုင်ပါတယ်။

ထိုအဆင့်များအားလုံး ပြီးသွားတဲ့အခါမှာတော့ အရသာရှိတဲ့ ကင်ချီ ကိုရီးယားထမင်းကြော်လေး ရရှိသွားပါပြီ။

ပန်းကန်ထဲ ပြောင်းထည့်ကာ ကြက်ဥ Half-Fried နဲ့အတူတူ အရသာရှိရှိ ပူပူနွေးနွေးလေး သုံးဆောင်နိုင်ပါပြီ။

Source: Drivemehungry.com