အားလုံးပဲ မင်္ဂလာပါ။ ထမင်းစားတဲ့အခါ ဟင်းရည်ပူပူစပ်စပ်လေးနဲ့ အရသာရှိရှိ စားသုံးချင်သူများအတွက် ဒီတစ်ခါမှာတော့ ကိုရီးယားအစားအစာတစ်မျိုးဖြစ်တဲ့ ဝက်သား ပဲပြား ကင်ချီဟင်းရည်စပ်စပ်လေး ပြင်ဆင်ချက်ပြုတ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ဝက်သား သုံးထပ်သား ၁၈၀ ဂရမ် (အနေတော် အတုံး တုံးထားပါ)
  • ဆန်ဝိုင် စားပွဲတင်ဇွန်း ၁ ဇွန်း
  • ငရုတ်ကောင်းမှုန့် အနည်းငယ်
  • ကင်ချီ စားပွဲတင်ဇွန်း ၁၂ ဇွန်း
  • ကြက်သွန်နီ ၄ စိပ် ၁ စိပ် (ပါးပါးလှီးထားပါ)

  • ကြက်သွန်ြျွိတ် ၁ ပင် (ပါးပါးလှီးထားပါ)
  • ရှီတာကီမှို ၂ ပွင့် (ပင်စည်ကို ဖယ်ရှားပြီး ပါးပါးလှီးထားပါ)
  • ပဲပြား ၁၅၀ ဂရမ် (လေးထောင့်အတုံး ခပ်ကြီးကြီး တုံးထားပါ)
  • ရေ စားပွဲတင်ဇွန်း ၁၆ ဇွန်း
  • ငရုတ်သီးမှုန့် စားပွဲတင်ဇွန်း ၁ ဇွန်း၊ ငရုတ်နှစ် လက်ဖက်ရည်ဇွန်း ၁ ဇွန်း၊ ပဲငံပြာရည် စားပွဲတင်ဇွန်း ၁ ဇွန်း၊ နုပ်နုပ်စဉ်းထားသော ကြက်သွန်ဖြူ လက်ဖက်ရည်ဇွန်း ၄ ပုံ ၁ ပုံနှင့် ငရုတ်ကောင်းမှုန့် အနည်းငယ်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ဝက်သားသုံးထပ်သားကို ပန်းကန်လုံးထဲ ထည့်ပြီးနောက် ဆန်ဝိုင်၊ ငရုတ်ကောင်းမှုန့်တို့ဖြင့် သမအောင် နယ်ကာ ၁၅ မိနစ်ခန့် နှပ်ထားပါ။

၂။ ကင်ချီများကို ဒယ်အိုးပူထဲထည့်ပြီး နူးအိသွားသည်အထိ ကြော်ပေးလိုက်ပါ။

၃။ ပန်းကန်လုံးအသေးတစ်လုံးထဲတွင် ငရုတ်သီးမှုန့်၊ ငရုတ်နှစ်၊ ပဲငံပြာရည်၊ ကြက်သွန်ဖြူနှင့် ငရုတ်ကောင်းမှုန့်တို့ထည့်ကာ သမအောင် ရောမွှေလိုက်ပါ။

၄။ မြေအိုးထဲသို့ (မြေအိုး မရှိပါက ရိုးရိုးအိုးထဲသို့) နှပ်ထားပြီးသား ဝက်သားများထည့်ပါ။ ဝက်သားပေါ်တွင် ကင်ချီ၊ ကြက်သွန်နီ၊ မှို၊ ပဲပြား၊ ရေနှင့် စောစောက ရောမွှေထားသော ငရုတ်နှစ်တို့ လောင်းထည့်လိုက်ပါ။

၅။ ထို့နောက် ထိုအိုးကို အလယ်အလတ်မီးအပူချိန်ဖြင့် ဆူပွက်လာအောင် တည်ထားလိုက်ပါ။ ၁၀ မိနစ်၊ ၁၅ မိနစ်ခန့် တည်ပြီးတဲ့နောက်မှာတော့ အရသာရှိတဲ့ ဝက်သား ပဲပြားကင်ချီ ဟင်းရည်စပ်စပ်လေး ရရှိသွားပါပြီ။

ထမင်းနဲ့အတူတူ အရသာရှိရှိ သုံးဆောင်နိုင်ပါပြီ။

Source: Mykoreankitchen.com