ရှုးရှုးရှဲရှဲနဲ့ သောက်လို့ကောင်းတဲ့ခေါက်ဆွဲပြုတ် (သို့) ကြာဇံပြုတ်ပူပူလေး စားရတာကြိုက်ကြလားရှင့်။ ကြာဇံပြုတ် ပူပူစပ်စပ်လေး သောက်ချင်တဲ့သူတွေအတွက် ဒီတစ်ခါမှာတော့ ကင်ချီ အသားလုံး ကြာဇံပြုတ် ပြုလုပ်နည်းလေးကို ဝေမျှပေးချင်ပါတယ်။
ပါဝင်ပစ္စည်းများ
- ကြက်ပြုတ်ရည် ၅၀၀ မီလီလီတာ
- ကြာဇံ တစ်ထုပ်
- အသားလုံး ၃ လုံး
- ကင်ချီ အနည်းငယ်
- ငါးငံပြာရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
- ငရုတ်သီးတောင့် အနည်းငယ် (ပါးပါးလှီးထားပါ)
- ကြက်သွန်မြိတ် (ပါးပါးလှီးထားပါ)
- နံနံပင် (ပါးပါးလှီးထားပါ)
ပြုလုပ်နည်း အဆင့်ဆင့်
၁။ အလတ်စားအိုးတစ်လုံးထဲတွင် ကြက်ပြုတ်ရည်ထည့်ပြီး ဆူပွက်လာအောင် တည်ထားလိုက်ပါ။
၂။ ပွက်ပွက်ဆူလာပါက ကြာဇံနှင့် အသားလုံးတို့ထည့်ပြီး ၅ မိနစ်မှ ၇ မိနစ်အထိ တည်ထားလိုက်ပါ။ ကြာဆံများ နူးအိလာပါက ငါးငံပြာရည်ထည့်လိုက်ပါ။
၃။ ထို့နောက် ကင်ချီထည့်ကာ မီးပိတ်လိုက်လို့ရပါပြီ။
၄။ ကြာဆံပြုတ်ကို ပန်းကန်လုံးထဲသို့ ပြောင်းထည့်ပြီးနောက် ကြက်သွန်မြိတ်၊ နံနံပင်နှင့် ငရုတ်သီးတောင့်တို့ထည့်ကာ အရသာရှိရှိ သုံးဆောင်နိုင်ပြီပဲဖြစ်ပါတယ်။
Source: juicyappetite.com