ကိုရီးယားကားတွေ တစ်စထက် တစ်စ လူကြိုက်များလာရာကနေ ကိုရီးယား အစားအစာတွေကလည်း တော်တော်လေးကို လွှမ်းမိုးမှုများလာတာကို တွေ့ရပါတယ်။ ကိုရီးယားကားကြည့်တိုင်း ကိုရီးယားအစားအစာတွေကို သွားရေကျနေတဲ့ Foodies လေးတွေအတွက် ဒီတစ်ခါမှာတော့ ကင်ချီ ကြက်ဥ ပန်ကိတ် ပြုလုပ်နည်းလေးကို ဝေမျှပေးချင်ပါတယ်။

  • ဂျုံမှုန့်အနည်းငယ်
  • ဆား လက်ဖက်ရည်ဇွန်း တစ်ဝက်
  • ရေ ၁၇၇ မီလီလီတာ
  • ကြက်ဥ ၁ လုံး (ခပ်ပြင်းပြင်း မွှေခလောက်ထားပါ)
  • ကင်ချီ တစ်ခွက်စာ (အနေတော် လှီးဖြတ်ထားပါ)

  • ကင်ချီရည် စားပွဲတင်ဇွန်း ၂ ဇွန်း
  • ကြက်သွန်မြိတ် ၂ ပင် (ပါးပါးလှီးဖြတ်ထားပါ)
  • ဟင်းသီးဟင်းရွက်ဆီ စားပွဲတင်ဇွန်း ၂ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ပန်းကန်လုံး တစ်လုံးထဲတွင် ဂျုံမှုန့်နဲ့ ဆားများကို သမအောင် ရောနယ်ပြီးနောက် ရေထည့်ကာ အနှစ်များ ရလာသည်အထိ မွှေပေးလိုက်ပါ။

၂။ ထိုပန်းကန်လုံးထဲသို့ မွှေခလောက်ထားသော ကြက်ဥထည့်ပါ။ ကင်ချီ၊ ကင်ချီရည်နှင့် ကြက်သွန်မြိတ်များထည့်ပြီး သမအောင် ထပ်မွှေပေးလိုက်ပါ။

၃။ ဒယ်အိုးအကြီးတစ်လုံးထဲတွင် ဆီထည့်ပြီး အလယ်အလတ်မီးအပူချိန်ဖြင့် အပူပေးထားပါ။

၄။ ဒယ်အိုးထဲသို့ ကင်ချီအနှစ်များ စက်ဝိုင်းပုံသဏ္ဍာန် ဖြန့်ထည့်လိုက်ပြီး စက္ကန့် ၃၀ ခန့် ကြော်ပေးလိုက်ပါ။ မီးအပူချိန်ကို အနိမ့်ဆုံးသို့ လျှော့ချလိုက်ပြီးနောက် ပန်ကိတ်ကို ဖောင်းမတက်လာဖို့အတွက် ဇွန်းအပြားလေးနဲ့ ဖိပေးပါ။

၅။ ပန်ကိတ်လေးက ရွှေညိုရောင် ပြောင်းသွားပါက ပန်းကန်ပြားထဲထည့်ပြီး ကျန်ရှိနေတဲ့ ကင်ချီအနှစ်များကိုလည်း ထိုနည်းအတိုင်း ကြော်ပေးရပါမယ်။

ရရှိလာတဲ့ ကင်ချီ ကြက်ဥ ပန်ကိတ်လေးကို မိမိနှစ်သက်ရာ အချဉ်ရည်ဖြင့် တွဲဖက်ကာ အရသာရှိရှိသုံးဆောင်နိုင်ပါပြီ။

Source: pickledplum.com