ထမင်း စားတဲ့အခါ ဟင်းရည်စပ်စပ်လေးနဲ့မှ ရှူးရှူးရှဲရှဲ စားသုံးချင်တယ်ဆိုသူများအတွက် ဒီတစ်ခါမှာတော့ တူနာငါးနဲ့ ပဲပြားတို့ ပါဝင်တဲ့ ကင်ချီဟင်းရည် စပ်စပ်လေး ပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • တူနာငါး စည်သွပ်ဘူး ၁ ဘူး
  • ကင်ချီ ပန်းကန်လုံး ၂ လုံးစာ
  • ကြက်သွန်နီ ၁ လုံး (ပါးပါးလှီးထားပါ)
  • ကြက်သွန်မြိတ် ၂ ပင် (ပါးပါးလှီးထားပါ)
  • ဆား လက်ဖက်ရည်ဇွန်း ၁ ဇွန်း

  • ငရုတ်သီးမှုန့် လက်ဖက်ရည်ဇွန်း ၂ ဇါန်း
  • သကြား လက်ဖက်ရည်ဇွန်း ၂ ဇွန်း
  • နှမ်းဆီ လက်ဖက်ရည်ဇွန်း ၂ ဇွန်း
  • ပဲပြား ၈ အောင်စ (အနေတော် အတုံး လှီးဖြတ်ထားပါ)

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ကင်ချီအဖတ်နှင့် အရည်တို့ကို ဒယ်အိုးတစ်လုံးထဲသို့ ထည့်ပါ။ ကြက်သွန်နီ၊ ဆား၊ ငရုတ်သီးမှုန့်၊ သကြား၊ ကြက်သွန်မြိတ်နှင့် နှမ်းဆီတို့ထည့်ပြီးနောက် ရေ ၂ ခွက်ခွဲ ( ၅၀၀ မီလီလီတာခွဲ)ခန့်ထည့်ပါ။

၂။ ဒယ်အိုးအဖုံး အုပ်ထားပြီးနောက် အလယ်အလတ်မီး အပူချိန်ဖြင့် ၂၅ မိနစ်ခန့် တည်ထားလိုက်ပါ။ သတ်မှတ်ချိန်ပြည့်ပြီး ပွက်ပွက်ဆူလာပါက ရေအနည်းငယ် ထပ်ထည့်ပြီးနောက် သမအောင် မွှေပေးလိုက်ပါ။

၃။ ထို့နောက် ဒယ်အိုးထဲသို့ ပဲပြားနှင့် တူနာငါးတို့ထည့်ပြီး ၅ မိနစ်ခန့် တည်ပေးရပါမယ်။

၄။ (၅) မိနစ်ပြည့်လည်း ပြည့်သွားပြီ ပဲပြားတွေလည်း ပျော့သွားပြီဆိုရင်တော့ အရသာအပေါ့အငန်မြည်းကြည့်လိုက်ပါ။

၅။ မီးဖိုပေါ်က ချခါနီးကျမှ ကြက်သွန်မြိတ်အနည်းငယ် ဖြူးထည့်ထားလိုက်ပါ။

ဒါဆိုရင်တော့ အရသာရှိတဲ့ တူနာငါး ပဲပြား ကင်ချီဟင်းရည်စပ်စပ်လေးကို ထမင်းနဲ့အတူတူ အရသာရှိရှိ သုံးဆောင်နိုင်ပါပြီ။

Source : Maangchi.com