အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာတော့ ရေခဲမုန့်ကြိုက်နှစ်သက်သူများအတွက် ကီဝီသီးရေခဲမုန့် ပြုလုပ်နည်းလေးကို ဝေမျှပေးချင်ပါတယ်။
ပါဝင်ပစ္စည်းများ
- ကီဝီသီး ၄ လုံး
- ကြက်ဥအနှစ် ၅ လုံး
- သကြား ၁၇၀ ဂရမ်
- ခရင်မ် ၈ အောင်စခန့်
- နို့ခရင်မ် ၈ အောင်စခန့်
ပြုလုပ်နည်း အဆင့်ဆင့်
၁။ ကီဝီသီးများကို အခွံခွာပြီး သစ်သီးဖျော်စက်ထဲ ထည့်ကာ ကြိတ်ချေလိုက်ပါ။
၂။ ပန်းကန်လုံးတစ်လုံးထဲတွင် ကြက်ဥအနှစ်နှင့် သကြားများထည့်ပြီး မွှေခလောက်လိုက်ပါ။
၃။ ခရင်နှင့် နို့ခရင်မ်ကို ပွက်ပွက်ဆူလာသည်အထိ ပူပေးလိုက်ပါ။
၄။ ထို့နောက် ထိုနို့ခရင်မ်ကို ကြက်ဥအနှစ်ထဲ လောင်းချကာ ခပ်ပြင်းပြင်းလေး မွှေခလောက်လိုက်ပါ။
၅။ ထိုကြက်ဥနို့ခရင်မ်ကို ဒယ်အိုးထဲ ပြန်ထည့်ပြီး ၅ မိနစ်ခန့် ထပ်မံအပူပေးရပါမယ်။
၆။ ကြက်ဥနို့ခရင်မ်က ပျစ်လာပါလိမ့်မယ်။ ပျစ်လာတဲ့ ထိုကြက်ဥနို့ခရင်မ်ကို လေလုံတဲ့ ဘူးထဲတွင် ကီဝီသီးအနှစ်များနှင့် ရောထည့်လိုက်ပါ။ ထို့နောက် ရေခဲသေတ္တာထဲတွင် ၃ နာရီခန့် (သို့) တစ်ညလုံး ထည့်ထားရပါမယ်။
မိမိစားချင်တဲ့အချိန်ကျရင်တော့ ရေခဲသေတ္တာထဲကထုတ်ကာ အရသာရှိရှိသုံးဆောင်နိုင်ပြီပဲဖြစ်ပါတယ်။
Source: creamish.com.au