အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာတော့ ဘာဘီကျူးအကင်ချစ်သူများအတွက် ကိုရီးယားစတိုင်လ် အမဲသားကင် ဘာဘီကျူး ပြင်ဆင်ပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • အမဲသားလွှာ ၂ ပေါင်
  • ကြက်သွန်မြိတ် ၃ ပင် (၂ လက်မအရှည် လှီးဖြတ်ထားပါ)
  • ကြက်သွန်နီ ၁ လုံး (ပါးပါးလှီးထားပါ)
  • မုန်လာဥနီ ၁ လုံး (ပါးပါးလှီးထားပါ)
  • ပဲငံပြာရည် စားပွဲတင်ဇွန်း ၆ ဇွန်းနှင့် ရေ စားပွဲတင်ဇွန်း ၃ ဇွန်း

  • သကြား စားပွဲတင်ဇွန်း ၄ ဇွန်းနှင့် ဆန်ဝိုင် စားပွဲတင်ဇွန်း ၂ ဇွန်း
  • ပါးပါးလှီးထားသော ကြက်သွန်နီ စားပွဲတင်ဇွန်း ၂ ဇွန်း
  • နှမ်းဆီ စားပွဲတင်ဇွန်း ၂ ဇွန်းနှင့် နှမ်းစေ့ လက်ဖက်ရည်ဇွန်း ၂ ဇွန်း
  • ကိုရီးယား သစ်တော်သီး (စားပွဲတင်ဇွန်း ၄ ဇွန်းခန့် နုပ်နုပ်စဉ်းထားပါ)
  • ငရုတ်သီးတောင့် အနည်းငယ် (ပါးပါးလှီးထားပါ)

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ရယ်ဒီမိတ် အမဲသားလွှာများကို အသုံးပြုပါက အသားလွှာများကို တစ်ခုနှင့် တစ်ခု ခွာထားလိုက်ပါ။

၂။ ပန်းကန်လုံးတစ်လုံးထဲတွင် ပဲငံပြာရည်၊ ရေ၊ သကြား၊ ဆန်ဝိုင်၊ ကြက်သွန်ဖြူ၊ နှမ်းဆီ၊ နှမ်းစေ့၊ သစ်တော်သီးနှင့် ငရုတ်သီးတောင့်တို့ကို သမအောင် ရောမွှေထားလိုက်ပါ။

၃။ ပန်းကန်လုံးအကြီးတစ်လုံးထဲတွင် အမဲသားလွှာများ ထည့်ထားလိုက်ပါ။ ထို့နောက် ကြက်သွန်မြိတ်၊ ကြက်သွန်နီ၊ မုန်လာဥနီတို့ကိုပါ ပေါင်းထည့်လိုက်ပါ။ ထို့နောက် အဆင့် (၂) က ပြုလုပ်ထားသော ဆော့စ်အရည်အရောအနှောတို့ကို အမဲသားလွှာထဲ လောင်းထည်ကာ သမအောင် နယ်ထားလိုက်ပါ။

၄။ ထို့နောက် ထိုအမဲသားကို အနည်းဆုံး မိနစ် ၃၀ ခန့် (သို့) တစ်နာရီခန့်မှ တစ်ည ကြာသည်အထိ နှပ်ထားလိုက်ပါ။

၅။ သတ်မှတ်ချိန်ပြည့်အောင် ကင်ပြီးတဲ့အခါမှာတော့ အကင်မီးဖိုပေါ်မှာ မိနစ်အနည်းငယ်ခန့် ကင်ထားလိုက်ပါ။

အားလုံးကင်ပြီးသွားတဲ့အခါမှာတော့ အရသာရှိတဲ့ ကိုရီးယားစတိုင်လ် အမဲသားကင်လေး ရရှိသွားပါပြီ။

Source: Koreanbapsang.com