ကြက်ကင်စားချင်ပေမယ့် အကင်မီးဖိုမရှိလို့ စိတ်ညစ်နေပါသလား။ အကင်မီးဖိုမရှိပေမယ့်လည်း ဒယ်အိုးတစ်လုံးနဲ့ Oven တစ်ခုရှိရုံနဲ့တင် အရသာရှိတဲ့ ကိုရီးယားစတိုင်လ် ကြက်တောင်ပံကင် လုပ်စားလို့ရပါတယ်။

ပါဝင်ပစ္စည်းများ

  • တစ်လက်မပတ်လည် ဂျင်းတုံးတစ်တုံး (နုပ်နုပ်စဉ်းထားပါ)
  • နှမ်းဆီ လက်ဖက်ရည်ဇွန်း ၂ ဇွန်း
  • ပဲငံပြာရည် စားပွဲတင်ဇွန်း ၆ ဇွန်း
  • သကြား စားပွဲတင်ဇွန်း ၃ ဇွန်း
  • ပျားရည် စားပွဲတင်ဇွန်း ၃ ဇွန်း

  • ကြက်တောင်ပံ ၂ ပေါင်
  • ငရုတ်နှစ် စားပွဲတင်ဇွန်း ၁ ဇွန်း
  • ကြက်သွန်နီ တစ်ခြမ်း (နုပ်နုပ်စဉ်းထားပါ)
  • ကြက်သွန်ဖြူ ၅ မြွှာ (နုပ်နုပ်စဉ်းထားပါ)

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ပန်းကန်လုံးတစ်လုံးထဲတွင် ကြက်တောင်ပံမှလွဲ၍ အခြားသောပါဝင်ပစ္စည်းများဖြစ်ကြတဲ့ ဂျင်း၊ နှမ်းဆီ၊ ပဲငံပြာရည်၊ သကြား၊ ပျားရည်၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီနှင့် ငရုတ်နှစ်များကို သမအောင် ရောမွှေထားလိုက်ပါ။

၂။ ရရှိလာသော ဆော့စ်ကို ကြက်တောင်ပံများနှင့် ရောနယ်ပေးလိုက်ပါ။ အသားထဲသို့ စိမ့်ဝင်သွားဖို့ရန်အတွက် အနည်းဆုံးတစ်နာရီခန့် စိမ်ထားရပါမယ်။

၃။ Oven ကို ၄၀၀ ဒီဂရီဖာရင်ဟိုက်ဖြင့် ကြိုတင်အပူပေးထားပါ။ ဒယ်အိုးတစ်လုံးကို အပူပေးထားပြီးနောက် ကြက်သားတုံးများ အညိုရောင် ပြောင်းလာသည်အထိ ကြော်ပေးလိုက်ပါ။ (ဆီထည့်စရာမလိုပါဘူး)

၄။ ထို့နောက် ကြက်သားကြော်များကို လင်ဗန်းထဲထည့်ပြီးနောက် စောစောက ဆော့စ်များကို ကြက်သာတုံးပေါ်မှာ ထပ်လောင်းထည့်ပေးလိုက်ပါ။

၅။ ပြီးရင်တော့ ထိုလင်ဗန်းကို Oven ထဲထည့်ပြီး မိနစ် ၄၀၊ မိနစ် ၅၀ ခန့် ကင်ပေးလိုက်ပါ။ ထိုကင်နေချိန်အတောအတွင်းမှာလည်း ကြက်ကင်များကို တစ်ခေါက်စီ လှန်ပေးဖို့ လိုအပ်ပါလိမ့်မယ်။ လိုအပ်ပါကလည်း အချဉ်ဆော့စ် ထပ်ဖော်စပ်နိုင်ပါသေးတယ်။

မိနစ် ၄၀ ပြည့်သွားတဲ့အခါမှာတော့ အရသာရှိတဲ့ ကိုရီးယားစတိုင်လ် ကြက်တောင်ပံကင် ရရှိသွားပါပြီ။

Source: Thespruceeats.com